အမျိုး သားတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ သံကောင်(၇၀၀)ကျော်အထိ ရောက်နေတဲ့အတွက် အရေးပေါ် ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ခွဲစိတ်ဖယ်ရှားလိုက်တဲ့ သံကောင်တွေဟာ Tapeworm အမျိုးအစားသံကောင်ပါ။ တုတ်ပြားလို့ ခေါ်ကြသလို၊ သန်ပြားကောင်လို့လည်း ခေါ်ကြပါတယ်။

Cestoda လို့ ဇီဝနာမည်ပေးထားတဲ့ ဒီသတ္တဝါတွေကို ဆေးအမည်မှာတော့ Taenia solium ဒီကပ်ပါးကောင်တွေဟာ သာမန်အားဖြင့် လူရဲ့ ဦးနှောက်ထဲအထိ မရောက်နိုင်ပါဘူး။ အခု အမျိုးသားကတော့ တရုတ်နိုင်ငံ၊ Hangzhou မှာ နေထိုင်ပြီး၊ Zhu Zhong-fa လို့ အမည်ရပါတယ်။

သူဟာ ခေါင်းမခံရပ်နိုင်အောင် ကိုက်ခဲ့ပါသတဲ့။ ယခင်တုန်းက ဆရာဝန်တွေဟာ အကိုက်အခဲပျောက်ဆေးကိုသာ တွင်တွင်ပေးကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှ သက်သာလာခြင်းမရှိတဲ့အတွက် အထူးကုဆေးရုံကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ Zhu ဟာ အသက်(၄၃)နှစ်ဖြစ်ပါတယ်။

သူဟာ Zhejiang မှာတည်ရှိတဲ့ ဆေးရုံမှ ပြသခဲ့တာပါ။ ဆေးရုံအမည်ကတော့ First Affiliated Hospital of College of Medicine, Zhejiang University ဖြစ်ပါတယ်။ ဒေါက်တာ Wang Jian-rong က Zhu ကို တိကျတဲ့ဆေးစစ်မှုတွေ ပြုလုပ်စမ်းသပ်ခဲ့ပါတယ်။

ဦးနှောက်ထဲမှာ တုတ်ပြားကောင်တွေ (၇၀၀)လောက် တွေ့လိုက်ရပါတယ်။ ဒါ့အပြင် Zhu ရဲ့ အဆုပ်၊ ရင်ဘတ်အတွင်းမှာလည်း တုတ်ပြားကောင် နောက်ထပ်(၇၀၀) တွေ့ခဲ့ရပါတယ်။ မကျက်တဲ့ဝက်သားတွေဆီကနေ ကူးစက်ပုံပါ။ မကျက်တဲ့ဝက်သားတွေမှာ သန်ကောင်ဥတွေ များစွာ ပါဝင်ပါတယ်။

ကံကောင်းတာကတော့ ဒီလိုကပ်ပါးတွေ တွယ်ကပ်ခြင်းကို ခွဲစိတ်ဖို့မလိုဘဲ ဂရုတစိုက် ထိုးဆေးသောက်ဆေးနဲ့ ကုသလို့ရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်နေတဲ့ကြာချိန်နဲ့၊ သံကောင်တွေရဲ့ခံနိုင်အားပေါ်မူတည်ပြီး ကုသရတဲ့ကြာချိန်က အနည်းနဲ့အများ ကွာခြားနိုင်ပါသတဲ့။

နေသူရိန် D Nae Khit Media