သရု ပ်ဆောင်နဲ့ မော်ဒယ် တိုင်ရွန်ဟာ စွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မိန်းကလေူပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ဦးပါ။

တိုင်ရွန်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ။ တိုင်ရွန်က အခုလက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

အောင်မြင်လာတာနဲ့အမျှ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာတဲ့ တိုင်ရွန်က သူနဲ့ ပရိသတ်တစ်ယောက်ရဲ့ ရယ်စရာအဖြစ်အပျက်ကို မျှဝေပေးထားပါတယ်။

ပရိသတ်တစ်ယောက်က တိုင်ရွန်ကို ဆက်စီပုံပို့ခိုင်းခဲ့တာဖြစ်ပြီး တိုင်ရွန်အနေနဲ့ ပြည်လည်စနောက်ပြီး နိုင်ငံခြားဝက်ဘ်ဆိုဒ်က မိန်းကလေးတစ်ယောက်ရဲ့ ပုံကို ပြန်လည်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

တိုင်ရွန်က လက်ရှိမှာ တရုတ်နိုင်ငံနဲ့အတူပူးပေါင်းပြီး ရုပ်ရှင် ရိုက်ဖို့ပြင်ဆင်နေသလို အခြားသောအနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်

တိုင်ရွန်ကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ သူ့ပရိသတ်ကို စနောက်ခဲ့တာ ဖြစ်ပါတယ်။

Rowena
Source: Tyron’s fb