ပရ ဟိတမင္းသမီးလို႔နာမည္ၾကီးတဲ့ ခိုင္နွင္းေဝဟာဆိုရင္အနုပညာအလုပ္ေတြလုပ္ေနရင္းတစ္ဖက္္ကလည္း ပရဟိတအလုပ္ေတြကုိ စြမ္းစြမ္းတမံလုပ္ေဆာင္ေနျပီးမိဘမဲ့ကေလးေတြရဲ႕ ပဲ့ကုိင္ရွင္အျဖစ္ရပ္္တည္္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။ ကေလးေတြအမ်ားၾကီးကိုေမြးစားျပီး ခ်စ္စရာေကာင္းတဲ့ကေလးေလးေတြရဲ႕မိခင္အျဖစ္ဘဝကိုျမွုဳပ္နွံျပီး ေပ်ာ္ရႊင္ေနတဲ့ ခုိင္နွင္းေဝဟာ တစ္နုိင္ငံလံုးကပရိသတ္ေတြရဲ႕အားေပးမႈေတြကုိတခဲနက္ရရွိထားတဲ့မင္းသမီးၾကီးလို႔လည္းဆိုနုိင္ပါတယ္။

ခို္င္နွင္းေဝက သိပ္ခ်စ္စရာေကာင္းတဲ့ သမီးေလးနဲ႔ အတူဓာတ္ပံုေလးေတြ Video ေလးေတြကို လူမႈကြန္ယက္ေပၚမွာတင္ေပးေလ့ရွိျပီး ခိုင္နွင္းေဝရဲ႕ သမီးေလးကလည္း အမူအရာမ်ိဳးစံုလုပ္တတ္ေနျပီး ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕အခ်စ္ေတြကုိ ပုိုင္ဆိုင္ေနသူေလးျဖစ္ပါတယ္။ခိုင္နွင္းေဝက လက္ရွိေစာင့္ေရွာက္ေမြးျမဴထားတဲ့ကေလးေတြကုိ က်ယ္က်ယ္ဝန္းဝန္းေကာင္းေကာင္းမြန္မြန္ေနရေရးအတြက္ ေဂဟာေဆာက္ထားျပီး ေဂဟာအတြက္ အလွဴခံတာေလးေတြလည္း လုပ္သလုိ ကေလးေလးေတြကုိလည္း ရင္ဝယ္သားနဲ႔မျခား ျပဳစုေစာင့္ေရွာက္တတ္တဲ့ နွလံုးသားျဖဴတဲ့ မင္းသမီးပါ။

ခိုင္နွင္းေဝမွာ သိပ္ခ်စ္ရတဲ့ ခ်စ္သူ လက္တြဲေဖာ္လည္းရွိျပီး ခိုင္နွင္းေဝက ခ်စ္သူကို သံေယာဇဥ္ၾကီးသလုိ လူမႈကြန္ယက္ေပၚမွာ ဓာတ္ပံုေလးေတြတင္တိုင္းလည္း ခ်စ္သူကုိ tag တြဲျပီး တင္ေလ့ရွိသူပါ။ ခိုင္နွင္းေဝရဲ႕ ခ်စ္သူကလည္း ခိုင္နွင္းေဝကုိ အျမဲတမ္း နားလည္ေပးျပီး ခ်စ္ေနေပးသလုိ ပါရမီျဖည့္ေပးတတ္တဲ့ သူတစ္ဦးဆိုရင္မမွားပါဘူး။ ခိုင္နွင္းေဝကို မ်က္နွာမညိဳရေအာင္ အျမဲတမ္း စိတ္ခ်မ္းသာေအာင္ထားျပီး လိုအပ္သမွ်ျဖည့္ဆည္းေပး ခ်စ္ေပးတတ္သူလည္းျဖစ္ပါတယ္။ ခ်စ္သူကုိ ခ်စ္တဲ့အေၾကာင္းေလးေတြအျမဲတမ္းတင္တတ္တဲ့ ခိုင္နွင္းေဝက အခုလည္း ျမင္သမွ်လူတိုင္း အားက်သြားမယ့္ ပံုေလးကုိ သူမရဲ႕ လူမႈကြန္ယက္ Myday မွာ တင္လိုက္ျပန္ပါတယ္။ခုိင္နွင္းေဝက ခ်စ္သူနဲ႔ Video call ေျပာရင္း အလွျပင္ေနတဲ့ ဓာတ္ပံုေလးကုိ တင္ထားျပီး အဲဒီပံုေလးေပၚမွာ “အလွျပင္တယ္။ သူထုိင္ၾကည့္တယ္။ ဘာလုပ္လုပ္ထုိင္ၾကည့္ျပီး ျပံဳးေနတတ္တယ္”လို႔ ေရးထားပါေသးတယ္။ ခုိင္နွင္းေဝရဲ႕ ဓာတ္ပံုေလးက ပရိသတ္ေတြၾကားမွာ ပ်ံ႕နွံ႕သြားျပီး အဲဒီပံုေလးကုိၾကည့္ျပီးပရိသတ္ေတာ္ေတာ္မ်ားမ်ားက ကုိယ့္ကုိအရမ္းခ်စ္တဲ့သူကုိပုိင္ဆိုင္ထားတဲ့ ခိုင္နွင္းေဝကုိ အားက်ေနၾကတာလည္းျဖစ္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ခိုင္နွင္းေဝနဲ႔ ခ်စ္သူေလးရဲ႕ ဓာတ္ပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ခိုင္နွင္းေဝကုိအားေပးၾကလား။ ခုိင္နွင္းေဝရဲ႕ ကေလးမ်ားေဂဟာေလးအတြက္လည္း လွဴဒါန္းလိုက သြားေရာက္လွဴဒါန္းနုိင္ပါတယ္လို႔ ေျပာခ်င္လြန္းလို႔ကေန နိဗာန္အက်ိဳးေမွ်ာ္ျပီးနိႈးေဆာ္ေပးလုိက္ရပါတယ္ေနာ္။

Unicode

ပရဟိတမင်းသမီးလို့နာမည်ကြီးတဲ့ ခိုင်နှင်းဝေဟာဆိုရင်အနုပညာအလုပ်တွေလုပ်နေရင်းတစ်ဖက်ကလည်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေပြီးမိဘမဲ့ကလေးတွေရဲ့ ပဲ့ကိုင်ရှင်အဖြစ်ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကလေးတွေအများကြီးကိုမွေးစားပြီး ချစ်စရာကောင်းတဲ့ကလေးလေးတွေရဲ့မိခင်အဖြစ်ဘဝကိုမြှုုပ်နှံပြီး ပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေဟာ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုတွေကိုတခဲနက်ရရှိထားတဲ့မင်းသမီးကြီးလို့လည်းဆိုနိုင်ပါတယ်။

ခိုင်နှင်းဝေက သိပ်ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ အတူဓာတ်ပုံလေးတွေ Video လေးတွေကို လူမှုကွန်ယက်ပေါ်မှာတင်ပေးလေ့ရှိပြီး ခိုင်နှင်းဝေရဲ့ သမီးလေးကလည်း အမူအရာမျိုးစုံလုပ်တတ်နေပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်နေသူလေးဖြစ်ပါတယ်။ခိုင်နှင်းဝေက လက်ရှိစောင့်ရှောက်မွေးမြူထားတဲ့ကလေးတွေကို ကျယ်ကျယ်ဝန်းဝန်းကောင်းကောင်းမွန်မွန်နေရရေးအတွက် ဂေဟာဆောက်ထားပြီး ဂေဟာအတွက် အလှူခံတာလေးတွေလည်း လုပ်သလို ကလေးလေးတွေကိုလည်း ရင်ဝယ်သားနဲ့မခြား ပြုစုစောင့်ရှောက်တတ်တဲ့ နှလုံးသားဖြူတဲ့ မင်းသမီးပါ။

ခိုင်နှင်းဝေမှာ သိပ်ချစ်ရတဲ့ ချစ်သူ လက်တွဲဖော်လည်းရှိပြီး ခိုင်နှင်းဝေက ချစ်သူကို သံယောဇဉ်ကြီးသလို လူမှုကွန်ယက်ပေါ်မှာ ဓာတ်ပုံလေးတွေတင်တိုင်းလည်း ချစ်သူကို tag တွဲပြီး တင်လေ့ရှိသူပါ။ ခိုင်နှင်းဝေရဲ့ ချစ်သူကလည်း ခိုင်နှင်းဝေကို အမြဲတမ်း နားလည်ပေးပြီး ချစ်နေပေးသလို ပါရမီဖြည့်ပေးတတ်တဲ့ သူတစ်ဦးဆိုရင်မမှားပါဘူး။ ခိုင်နှင်းဝေကို မျက်နှာမညိုရအောင် အမြဲတမ်း စိတ်ချမ်းသာအောင်ထားပြီး လိုအပ်သမျှဖြည့်ဆည်းပေး ချစ်ပေးတတ်သူလည်းဖြစ်ပါတယ်။ ချစ်သူကို ချစ်တဲ့အကြောင်းလေးတွေအမြဲတမ်းတင်တတ်တဲ့ ခိုင်နှင်းဝေက အခုလည်း မြင်သမျှလူတိုင်း အားကျသွားမယ့် ပုံလေးကို သူမရဲ့ လူမှုကွန်ယက် Myday မှာ တင်လိုက်ပြန်ပါတယ်။ခိုင်နှင်းဝေက ချစ်သူနဲ့ Video call ပြောရင်း အလှပြင်နေတဲ့ ဓာတ်ပုံလေးကို တင်ထားပြီး အဲဒီပုံလေးပေါ်မှာ “အလှပြင်တယ်။ သူထိုင်ကြည့်တယ်။ ဘာလုပ်လုပ်ထိုင်ကြည့်ပြီး ပြုံးနေတတ်တယ်”လို့ ရေးထားပါသေးတယ်။ ခိုင်နှင်းဝေရဲ့ ဓာတ်ပုံလေးက ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားပြီး အဲဒီပုံလေးကိုကြည့်ပြီးပရိသတ်တော်တော်များများက ကိုယ့်ကိုအရမ်းချစ်တဲ့သူကိုပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေကို အားကျနေကြတာလည်းဖြစ်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေနဲ့ ချစ်သူလေးရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခိုင်နှင်းဝေကိုအားပေးကြလား။ ခိုင်နှင်းဝေရဲ့ ကလေးများဂေဟာလေးအတွက်လည်း လှူဒါန်းလိုက သွားရောက်လှူဒါန်းနိုင်ပါတယ်လို့ ပြောချင်လွန်းလို့ကနေ နိဗာန်အကျိုးမျှော်ပြီးနှိုးဆော်ပေးလိုက်ရပါတယ်နော်။