



Credit မူရင်း

—————————

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သနပ်ခါးရောင်းတဲ့ အသက် ၈၀ ကျော်အဖွားအိုတစ်ယောက်ရဲ့ ဆု

ကျောက်ဆည် Alpha ဘိလပ်မြေစက်ရုံရှေ့ထိုင်နေတုန်း မန္တလေးဘက်က သနပ်ခါးတုံးရောင်းပြီးပြန်လာတဲ့ အသက် ၈၀ ကျော်အဖွားအိုတစ်ယောက်

သူ့အိမ်ကိုပြန်ဖို့ ကားကြုံစီးပါရစေ ပိုက်ဆံ ၅၀၀ ပေးပါ့မယ်ဆိုလို့ အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်။

၈၅ နှစ်အရွယ်ထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အလုပ်လုပ်နေတဲ့ အဖွားကို လေးစားသောအားဖြင့် ပိုက်ဆံနဲ့ကန်တော့ပါရစေ ဆိုတော့ သူ့သားသမီးတွေရှေ့မှာ ကန်တော့မှာလားတဲ့

၅၀၀၀ တန် ၅ ရွက်ကို မယုံနိုင်တဲ့ မျက်လုံးနဲ့ ကြည့်ရင်း ဆုတွေတရစပ်ပေးနေတော့တယ်။

ဝမ်းသာ ဝမ်းနဲတဲ့ မျက်ဝန်းတွေနဲ့ ငေးကျန်ခဲ့တဲ့ အဖွား ကျန်းမာပါစေ။

Credit မူရင်း