တရုတ်နို င်ငံ ဝူဟန်မှာ Master Degree ကို Environmental Engineer ဘာသာရပ်ဖြင့် ပညာသင်ကြားနေတဲ့ မောင်စည်သူထွန်းကတော့ မြန်မာပြည်သားတွေစိတ်မပူရန် ယခုလို သူ့ရဲ့ Facebook မှတဆင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အပူချိန် ၅၀ ဒီဂရီ ကျော်ရင် Virus သေတယ်လို့ အတည်ပြုပါတယ် ။ မြန်မာပြည်က လူတွေသိပ်မစိုးရိမ်ပါနဲ့ ရှေ့လျှောက် လွှတ်ပူတော့မှာဆိုတော့ virus က ကူးခဲ့ရင်တောင် သက်ဆိုးရှည်မယ် မထင်ပါဘူး ။ ( မကူးပါစေနဲ့)

တရုတ်မှာ အရမ်းအေးနေတဲ့အတွက် ထိန်းရခက်နေတာလည်း ဖြစ်ပါတယ် ။ နွေရာသီရောက်ရင်တော့ လျော့ကျသွားမယ်လို့ သူတို့ကိုယ်တိုင်လည်း ပြောပါတယ် ။ အဲ့အတွက်လည်း မြို့ကို ဆက်ပိတ်ထားဖို့ ရှိပါတယ် ။

မြန်မာပြည်အတွက်တော့ ရာသီဥတု ပူအောင် လုပ်ပေးခဲ့တဲ့သူတွေကို ကြံဖန် ကျေးဇူးတင်ရပါမယ် ။

ဒါ့ပြင် လတ်တလောအခြေအနေမှာ ၁၈ နိုင်ငံထိ ကူးစက်ခံထားရပြီဖြစ်တဲ့ ဝူဟန် ဗိုင်းရပ်ဟာ အအေးပိုင်းနိုင်ငံတွေမှာပိုမိုအခြေအနေဆိုးရွားလာပြီး တရုတ်ပြည်မှာလဲ အအေးပိုတာကြောင့် ထိန်းချုပ်ရခက်ခဲနေတာဖြစ်ပါတယ်။

Ref: Sithu Tun