မူ ဆယ္ ၊ ဇန္နဝါရီ , ၂၆

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ့၊ ျမန္မာ-တ႐ုတ္ႏွစ္နိုင္ငံ၊ အဝင္/အထြက္ ဂိတ္မ်ားျဖစ္ၾကသည့္ နန္းေတာ္ဂိတ္၊ ဆင္ျဖဴဂိတ္ႏွင့္ မန္ဝိန္းဂိတ္တို့မွ ဝင္ထြက္သြားလာသည့္ ျပည္သူမ်ားကို ကိုရိုနာဗိုင္းရစ္ပ္ ႀကိဳတင္ကာကြယ္နိုင္ရန္

ယေန႔ နံနက္ ၁၀ နာရီက မူဆယ္ၿမိဳ့၊ အမွတ္(၁၂၃) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (မူဆယ္ခရိုင္)၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ားက ႏွာေခါင္းစည္း(Mask)မ်ား အခမဲ့ျဖန႔္ေဝေပးသည္။

“တ႐ုတ္နိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရစ္ပ္ဟာ ကူးစက္မွုျမန္ဆန္ၿပီး လူေသဆုံးမွုေတြ ပိုမိုမ်ားျပားလာပါတယ္၊ မူဆယ္ၿမိဳ့မွာရွိတဲ့ ျပည္သူလူထုမ်ားအေနနဲ႔လည္း ႀကိဳတင္ကာကြယ္ရန္ လိုအပ္မယ္လို့ ထင္ပါတယ္၊

ဒါေၾကာင့္ မူဆယ္ၿမိဳ့၊ နယ္စပ္ဂိတ္ေပါက္ကေန တ႐ုတ္နိုင္ငံဘက္ကို ေန႔စဥ္ဝင္/ထြက္သြားလာေနတဲ့ ျပည္သူလူထုမ်ားကို ေရာဂါကူးစက္မွုကေန ႀကိဳတင္ကာကြယ္နိုင္ရန္အတြက္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းအေနျဖင့္ ခုလိုႏွာေခါင္းစည္း(Mask)ေတြကို ျဖန႔္ေဝေပးျခင္း ျဖစ္ပါတယ္”လို့ ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွူး၊ ဒုတိယရဲမွူးခ်စ္စိန္က ေျပာသည္။

လက္ရွိတြင္ မူဆယ္ၿမိဳ့ရွိ ေဈးဆိုင္မ်ား၌ Mask မ်ား ဝယ္ယူရန္ခက္ခဲလာၿပီး မူဆယ္ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွ တစ္ဦးလၽွင္ ႏွာေခါင္းစည္း(Mark) တစ္ခုႏွုန္းျဖင့္ ျဖန႔္ေဝးေပးသည္။

ျမန္မာ-တ႐ုတ္၊ နယ္စပ္ဂိတ္ေပါက္မွ ခရီးသြားဧည့္သည္မ်ား၊ ျမန္မာျပည္သူမ်ားႏွင့္ ျမန္မာအလုပ္သမ်ားမ်ား ေန႔စဥ္ အဝင္/အထြက္ျပဳလုပ္လ်က္ရွိၿပီး ကိုရိုနာဗိုင္းရစ္ပ္ႏွင့္ ပတ္သက္၍ အထူးသတိထားရန္ လိုအပ္သည့္ နယ္စပ္ၿမိဳ့လည္းျဖစ္သည္။

မူဆယ္ၿမိဳ့၊ က်န္းမာေရးဦးစီးဌာနကလည္း မူဆယ္ၿမိဳ့ရွိ နယ္စပ္ဂိတ္ေပါက္မ်ားတြင္ ကိုရိုနာဗိုင္းရစ္ပ္ႏွင့္ပတ္သက္၍ ႀကိဳတင္ကာကြယ္နိုင္ရန္အတြက္ အဝင္/အထြက္ျပဳလုပ္သူမ်ားကို စစ္ေဆးျခင္းမ်ား ေဆာင္ရြက္လ်က္ရွိသည္။

ဆလိုင္းဗန္ရိုးထန္(ျပန္/ဆက္)

Unicodeျဖင့္ဖတ္ရန္

မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရစ်ပ် ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း ( 𝗠𝗮𝘀𝗸 )များ အခမဲ့ဖြန့်ဝေ

မူဆယ် ၊ ဇန်နဝါရီ , ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ အဝင်/အထွက် ဂိတ်များဖြစ်ကြသည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့မှ ဝင်ထွက်သွားလာသည့် ပြည်သူများကို ကိုရိုနာဗိုင်းရစ်ပ် ကြိုတင်ကာကွယ်နိုင်ရန်

ယနေ့ နံနက် ၁၀ နာရီက မူဆယ်မြို့၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးသည်။

“တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရစ်ပ်ဟာ ကူးစက်မှုမြန်ဆန်ပြီး လူသေဆုံးမှုတွေ ပိုမိုများပြားလာပါတယ်၊ မူဆယ်မြို့မှာရှိတဲ့ ပြည်သူလူထုများအနေနဲ့လည်း ကြိုတင်ကာကွယ်ရန် လိုအပ်မယ်လို့ ထင်ပါတယ်၊

ဒါကြောင့် မူဆယ်မြို့၊ နယ်စပ်ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံဘက်ကို နေ့စဉ်ဝင်/ထွက်သွားလာနေတဲ့ ပြည်သူလူထုများကို ရောဂါကူးစက်မှုကနေ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် ခုလိုနှာခေါင်းစည်း(Mask)တွေကို ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူးချစ်စိန်က ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ရှိ ဈေးဆိုင်များ၌ Mask များ ဝယ်ယူရန်ခက်ခဲလာပြီး မူဆယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တစ်ဦးလျှင် နှာခေါင်းစည်း(Mark) တစ်ခုနှုန်းဖြင့် ဖြန့်ဝေးပေးသည်။

မြန်မာ-တရုတ်၊ နယ်စပ်ဂိတ်ပေါက်မှ ခရီးသွားဧည့်သည်များ၊ မြန်မာပြည်သူများနှင့် မြန်မာအလုပ်သများများ နေ့စဉ် အဝင်/အထွက်ပြုလုပ်လျက်ရှိပြီး ကိုရိုနာဗိုင်းရစ်ပ်နှင့် ပတ်သက်၍ အထူးသတိထားရန် လိုအပ်သည့် နယ်စပ်မြို့လည်းဖြစ်သည်။

မူဆယ်မြို့၊ ကျန်းမာရေးဦးစီးဌာနကလည်း မူဆယ်မြို့ရှိ နယ်စပ်ဂိတ်ပေါက်များတွင် ကိုရိုနာဗိုင်းရစ်ပ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဝင်/အထွက်ပြုလုပ်သူများကို စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)