Asia One ရဲ့သ တင်းတစ်ပုဒ်အရ စင်္ကာပူမှ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးဟာ သူမကားပေါ်လိုက်ပါစီးနင်းလာခဲ့တဲ့ ခရီးသည်စုံတွဲတစ်တွဲဟာ ကားနောက်ခန်းမှာထိုင်ပြီး အချစ်ပိုနေခဲ့ကြလို့ သည်းမခံနိုင်တဲ့အဆုံး ရဲခေါ်ကာ တိုင်ကြားခဲ့ပါတယ်တဲ့။

ဒီိအကြောင်းကိုတော့ ကိုယ်တိုင်ခံခဲ့ရတဲ့ ခရီးသည်အမျိုးသား အသက် ၃၁ နှစ်အရွယ် Kohji Toh က Facebook မှာ ဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်ပုံကတော့ဒီလိုပါ။

Toh နဲ့ သူ့ရဲ့ဇနီးသည်တို့ဟာ အငှားကားဝန်ဆောင်မှုတစ်ခုမှ ကားကိုခေါ်ပြီး အပြင်မှ နေအိမ်သို့ပြန်လာခဲ့ကြပါတယ်။ အပြင်မှာလည်းကိုက ဇနီးသည်ဟာ နေထိုင်မကောင်းပြီး မအီမသာဖြစ်နေတာကြောင့် အငှားကားခေါ်ပြီး အိမ်ပြန်လာခဲ့ကြတာပါ။

Defu လမ်းကိုလည်းရောက်ရော ရုတ်တရက် ဇနီးကနေပြီး ကားမူးတဲ့ဒဏ်ရယ်၊ နဂိုကတည်းက မူးမော်နေတဲ့ဒဏ်ရယ်ပေါင်းကာ ဘယ်လိုမှ မတ်မတ်တောင်မထိုင်နိုင်တော့ပါဘူးတဲ့လေ။ ဒါကြောင့် ကားပေါ်မှာပဲ Toh ဟာ ဇနီးသည်ရဲ့ပုခုံးကိုဖက်ပြီး ပုခုံးအရင်းပေါ်မှာ မှိန်းကာ လိုက်လာစေခဲ့ပါတယ်။

ဖြစ်စဉ်အားလုံးကို မြင်ခဲ့ပေမယ့် အငှားယာဉ်မောင်းအမျိုးသမီးက Toh နဲ့ ဇနီးသည်တို့ကို အချစ်ကဲပိုနေကြတယ်လို့ ထင်မှတ်ကာ သူမရဲ့ကားပေါ်မှာ ဒီလို မျက်စိပဒေဿမဖြစ်တာမျိုးတွေ မလုပ်ဖို့အတွက် သတိပေးခဲ့ပါတယ်တဲ့။ နောက်ဏအကြာမှာပဲ Toh ကို အရှေ့ခန်းကို လာထိုင်ဖို့ စေခိုင်းခဲ့တာကြောင့် Toh တစ်ယောက် ဒေါသတော့ ထွက်သွားခဲ့တယ်။

ဟုတ်လည်း ဟုတ်တယ်လေ။ ဇနီးက နေမကောင်းလို့ စိတ်ပူစိတ်ရှုပ်နေရတဲ့ကြားထဲ သူတို့ကို မဟုတ်တရုတ်လုပ်နေတယ်လို့ အထင်ခံနေရာတာကို။ ဒါပေမဲ့ Toh ခင်ဗျာ ယာဉ်မောင်းအမျိုးသမီးကို သူတို့နှစ်ယောက်ဟာ တရားဝင်လက်ထပ်ထားကြတဲ့ လင်နဲ့မယားဖြစ်ကြောင်း နောက် ဇနီးဟာလည်း နေသိပ်မကောင်းတာကြောင့် သက်သာပါစေတော့ဆိုပြီး ဖက်ထားပေးကြောင်း စသဖြင့် ရှင်းပြခဲ့ပေမယ့်လို့ ယာဉ်မောင်းအမျိုးသမီးဟာ လက်မခံခဲ့ပါဘူး။

လက်မခံတဲ့အပြင်ကိုမှ ယာဉ်မောင်းအမျိုးသမီးဟာ ဒီလိုလုပ်တာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက်ကြောင့် ရဲတိုင်မယ်ဆိုကာ ကားကိုအနီးစပ်ဆုံး ရဲစခန်းထဲကို ဘာမပြောညာမပြောနဲ့ ထိုးဝင်သွားပါတယ်တဲ့လေ။ ဒါပေမဲ့လည်း Toh တို့ဟာလည်း တရားဝင်လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေမှန်း လက်ထပ်မှတ်ပုံတင်အရ သက်သေပြနိုင်ခဲ့ပြီး ဖြုဖတ်ဖြူလျော်နဲ့ နေထိုင်မကောင်းမှန်း သိသာနေတဲ့ ဇနီးသည်ရဲ့ပုံစံကြောင့် စခန်းမှလည်း Toh တို့ကို အမြန်ဆုံးပြန်လွှတ်ကာ ယာဉ်မောင်းအမျိုးသမီးကိုတော့ ဆွေးနွေးဖို့အတွက် ခေါ်ထားခဲ့ပါတယ်တဲ့လေ။

ယနေ့ခေတ်စုံတွဲတွေအနေနဲ့ ခေတ်ရဲ့ပြောင်းလဲမှုကြောင့် အခုဆိုရင် လမ်းမမှာတောင် လက်ကိုင်တာ၊ ဖက်တာ၊ အနမ်းပေးတာတို့ဟာ မဆန်းကျယ်လှတော့ပါဘူး။ ဒါပေမဲ့လည်း စင်္ကာပူလိုနိုင်ငံမှာတော့ အများပြည်သူသွားလာနေတဲ့ နေရာမျိုးတွေမှာ စုံတွဲတွေအနေနဲ့ မဖွယ်မရာမလုပ်ရဘူးဆိုတဲ့ ဥပဒေ ရှိနေပါတယ်။ Toh တို့ကိစ္စကို ပြန်ကြည့်မယ်ဆိုရင်တော့ သက်သက်ကြီးအထင်သေးခံလိုက်ရသလိုပါပဲ။