နိုင် ငံကျော်ရုပ်ရှင်သရုပ်ဆောင်၊ဒိတ်ဒိတ်ကြဲအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဇန်နဝါရီလ(၂၅)ရက်နေ့ ညပိုင်းတွင် ဆေးတက္ကသိုလ်(၂)မှာ သွားရောက်ဖျော်ဖြေချိန် စင်ပေါ်သို့သီချင်းဆိုရင်း ပြေးတက်ချိန်မှာ အခန့်မသင့်ပဲချော်လဲခဲ့ကာ ဒူးပြဲသွားတဲ့အကြောင်းကို “UM2 ပွဲမှာ ကျနော်ဟာ ချဲလော် ဒဲဗျူး” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုနေတဲ့ တေးရေးအဆိုတော်တစ်ယောက်ပါ။ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ ပံ့ပိုးတဲ့ နေရာမှာလည်း ထူးချွန်ထက်မြတ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ တစ်ချိန်က ဂျွန်လွင်မော်ဒယ်အေဂျင်စီရဲ့ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးခဲ့ရသူတစ်ဦးပါ။ ဆယ်စုနှစ်(၂)စုတိုင်တိုင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ စိုင်းစိုင်းကတော့ ပရိသတ်တွေကို ဖျော်ဖြေရာမှာ အားတက်သရောဖျော်ဖြေတတ်ပြီး လက်ရှိ ဆေးတက္ကသိုလ်(၂) သွားရောက်ဖျော်ချိန်မှာလည်း ပရိသတ်တွေကြားမှာ ဒိတ်ဒိတ်ကြဲသီချင်းသီဆိုခဲ့ကာ စင်ပေါ်တက်ရန်လှေကားထစ်နားရောက်မှ အားပါးတရပြေးတက်လိုက်ချိန်မှာ အခန့်မသင့်ပဲချော်လဲခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်အပေါ်အမြဲတစေ စေတနာထားကာဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဇန်နဝါရီလ(၂၅)ရက်နေ့ ညပိုင်းတွင် ဆေးတက္ကသိုလ်(၂)မှာ သွားရောက်ဖျော်ဖြေရင်း စင်ပေါ်သို့သီချင်းဆိုကာ ပြေးတက်ချိန်မှာ အခန့်မသင့်ပဲချော်လဲခဲ့ကာ ဒူးပြဲသွားပါတယ်တဲ့နော်။

Credit Celegabar