အမှုဖြစ် စဉ်မှာ ၁၄.၁၂.၂၀၁၉ရက်နေ့လည် ၃နာရီ ၃ဝမိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းအတိုင်း အမှတ်(၃)လမ်းဆုံဘက်မှေ အောင်မင်္ဂလာအဝေးပြေးကွင်းဘက် (မြောက်ဘက်မှတောင်ဘက်) အတိုင်း ယာဉ်မောင်းအမည်မသိ၊ အဘအမည် ၊နေရပ်လိပ်စာ စုံစမ်းဆဲ

အသ က်(၃၀)ခန့် အမျိုးသားတစ်ဦးမောင်းနှင် လာသော YGN9I……Fielderခဲရောင်အငှားယာဉ်သည် အမှတ်(၃)နှင့် အမှတ်(၇)လမ်းဆုံ အနီးတွင်ရှေ့က လားရာတူမောင်းနှင်နေသော ယာဉ်တစ်စီးကို ဝဲဘက်ခြမ်းကကျော်တက်မောင်းနှင် စဉ် တစ်ဖက်ယာဉ်ကြောအတွင်းရောက်ရှိသွားပြီး အမှတ်(၃)လမ်းမအတိုင်းအောင်မင်္ဂလာအဝေးပြေးဘက်မှ လှည်းကူးဘက်သို ့တောင်မှမြောက်သို့ ယာဉ်မောင်း ဟင်နရီထွန်းကျော် (၂၇)နှစ်၊ ဂန္ဓမာလမ်း၊ချောင်းဝ(၂)ရပ်ကွက် ၊ရွှေလောင်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးနေသူမောင်းနှင်လာသော BGO7N/…….CONDOR အစိမ်းရောင်အငှားယာဉ်ကို အရှိန်မထိမ်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့်

ယာဉ်နှစ်စီးပျက်စီး ကာ အမည်မသိအသက်(၃၀)ခန့် ယာဉ်မောင်း အမျိုးသားသည် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ဝဲမျက်လုံးဘေးပေါက်ပြဲ၊ ဝဲလက်မောင်းဖူးရောင်၊ ဝဲယာဒူးပေါက်ပြဲကာ အခင်းဖြစ်နေရာ တွင်သေဆုံးသွားကာ YGN5I/……Fielder အငှားယာဉ်မှာရှေ့ခေါင်းကျေမွ ၊ရှေ့ဂွေကျိုးကာခန့်မှန်း (၂၀)သိန်းဖိုးနှင့် BGO7N/….CONDOR ကားမှာ

ယာဘီးကျွတ်၊ ဝဲဘေးခွေးကာ ပိန်ချိုင့်ကာ (၁၀)သိန်းဖိုး ခန့်ဆုံးရှူံးရသောကြောင့် ယာဉ်ပေါ့ဆ စွာမောင်းနှင်သူ အမည်မသိသေဆုံးသူကို အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လှည်းကူးရဲစခန်းယာဉ်(ပ)၅၁/၂၀၁၉ပဒ်မ ၃၀၄-က/၂၇၉အရ အမှုရေးဖွင့်ကာ အမှုစစ်ရဲအုပ်အောင်လှိုင်ထွန်း၊ ယာဉ်မှုစစ်၊ယာဉ်ထိမ်းတပ်ဖွဲ့စု (၆၇)ကလက်ခံစစ်ဆေးနေကြောင်း သိရသည်။

စိုးမြင့်(လှည်းကူး)S.Hသတင်းဌာန၊ ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်၊ အမှန်တရားဂျာနယ်