ကျောင်း တွင်းစစ် စာမေးပွဲရက် ပြောင်းလဲခြင်းကို ပြန်လည်ပြင်ဆင်ပေးရန် MTF အပါအဝင် ပညာရေးအဖွဲ့အစည်းများက တောင်းဆိုထားသည်။

အခြေခံပညာစာမေးပွဲ ရက်ကို ပြန်မပြင်မချင်း အခြေခံ ပညာဦးစီးဌာနက ကျင်းပသည့် ဆွေးနွေးပွဲများ မတက်ရောက်ဘဲ သပိတ်မှောက်မည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် (MTF)က ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာသည်။

အခြေခံပညာဦးစီးဌာနက ဇန်နဝါရီ ၂၉ ရက်တွင် နေပြည် တော်၌ ကျင်းပမည့် ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော် ရေးနှီးနှောဖလှယ်ပွဲ (အခြေခံ ပညာကဏ္ဍ)သို့ တက်ရောက်ရန် MTF အား ဖိတ်ကြားထားသော် လည်း မတက်ရောက်ဘဲ သပိတ်မှောက်ရန် MTF အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ကြောင်း MTF အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။

အခြေခံပညာသူငယ်တန်းမှ နဝမတန်းအထိ နှစ်ဆုံးစာမေးပွဲ များကို ပြီးခဲ့သည့် ၂၀၁၈-၁၉ ပညာသင်နှစ်အထိ တက္ကသိုလ်ဝင် စာမေးပွဲမတိုင်မီ ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ကျင်းပသည်။ ယခုပညာသင်နှစ်ကစကာ အခြေခံပညာကျောင်းများကို

မတ်လကုန်အထိ တိုးဖွင့်ရန် ပညာရေးဝန် ကြီးဌာနက စီစဉ်နေပြီး ကျောင်း တွင်းစစ်အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို တက္ကသိုလ်ဝင်ခွင့်စာမေး ပွဲအပြီး မတ်လနောက်ဆုံးပတ် တွင် ကျင်းပမည်ဟု ကြေညာခဲ့ သည်။

ကျောင်းတွင်းစစ် စာမေးပွဲ ရက် ပြောင်းလဲခြင်းကို ပြန်လည် ပြင်ဆင်ပေးရန် MTF အပါအ ဝင် ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ ဆရာ၊ဆရာမ၊ မိဘများက ဒီဇင်ဘာ နောက်ဆုံးပတ်မှ ယမန်နေ့အထိ တောင်းဆိုနေသော်လည်း ဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပေ။

‘‘ပထမတောင်းဆိုချက်ကို တွေ့ဆုံဆွေးနွေးခြင်းလည်း မရှိ ဘူး။ လိုက်လျောတာလည်း မရှိ ဘူး။ မတ်လ စာသင်ကာလကိစ္စကို ဝန်ကြီးဌာနဘက်က လုံးဝတုံ့ပြန် ခြင်းမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမူနေတာဖြစ်တဲ့အတွက် ဒီကိစ္စကို မပြင်ပေးမချင်း၊ ဆွေးနွေးမှု မလုပ်မချင်း အခြေခံပညာဦးစီးဌာနက လုပ်တဲ့ဆွေးနွေးပွဲတွေကို MTF အနေနဲ့ လုံးဝတက်ရောက် မှာ မဟုတ်ဘူး’’ဟု ဒေါက်တာဇော် မျိုးလှိုင်က ပြောသည်။

ထို့အပြင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးနှီး နှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)ကို နှစ်စဉ်ပြုလုပ်သော် လည်း ဆွေးနွေးပွဲပုံစံထက် စာတမ်းဖတ်ပွဲပုံစံမျိုးသာ ဖြစ်နေပြီး

ထိုနှီးနှောဖလှယ်ပွဲရလဒ်များ ကို အကောင်အထည်ဖော်မှု အားနည်းခြင်းကြောင့်လည်း ယခုနှစ်တွင် မတက်ရောက်ရန် ဆုံးဖြတ် ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

MTF အနေဖြင့် အခြေခံပညာဦးစီးဌာနက ပြုလုပ်သည့် ဆွေးနွေး ပွဲများ၊ Workshop (အလုပ်ရုံဆွေးနွေးပွဲ)များတွင်လည်း ပူး ပေါင်းဆောင်ရွက်မည်မဟုတ်ဘဲ စာမေးပွဲရက် ပြန်လည်ပြင်ဆင် မပေးမချင်း သပိတ်မှောက်မည် ဟု ကြေညာချက်တွင် ဖော်ပြထား သည်။

မတ်လကုန်အထိ ကျောင်းတက်ရက်သတ်မှတ်ချက်ကို ပြင်ဆင်မပေးပါက ၂၀၂၀ ရွေး ကောက်ပွဲတွင် မဲရုံတာဝန်ထမ်း မည်မဟုတ်ဟုလည်း MTF က ဇန်နဝါရီ ၅ ရက်တွင် သဘောထားကြေ ညာထားသည်။

စာသင်ချိန်တိုးခြင်းနှင့် ကျောင်းတွင်းစစ် စာမေးပွဲရက် ပြောင်းလဲမှုဆိုင်ရာ သဘောထားဆန်းစစ်ချက်ကိုလည်း ဆရာ၊ ဆရာမနှင့် ပညာရေးစိတ်ပါဝင်စားသူများထံမှ MTF က ကောက် ယူနေပြီး သုတေသနအစီရင်ခံစာ ထုတ်ပြန်ကာ လွှတ်တော်နှင့် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရန် စီစဉ်နေသည်။

MTF ကို အခြေခံပညာရေး၊ အဆင့်မြင့်ပညာ‌ရေး၊ ပုဂ္ဂလိကပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေးဟူသည့် အလွှာလေး လွှာဖြင့် ဖွဲ့စည်းထားသည်။ အခြေခံပညာရေးအလွှာကို မြို့ နယ်အဖွဲ့ခွဲ ၃၀ ကျော်ဖြင့် ဖွဲ့စည်း ထားပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင် အများဆုံး ၁,၀၀၀ ကျော်မှ အ နည်းဆုံး ၁၀၀ ကျော်ဖြင့် ဖွဲ့စည်း ထားသည်