Mask) ကို ကိုယ် က ရောဂါသည်မို့ တပ်တာလား..သူများရောဂါ ကိုယ်ဆီကူးမှာဆိုးလို့တပ်တာလား.. လူတော်တော်များများ မှားနေကြတယ်/ လူတော်တော်များများ ပါးစပ်နှာခေါင်းစီး(Mask) တပ်တဲ့အခါ သတိမထားမိတဲ့ အမှား/အမှန် ကိစ္စ…

ကဲ အတွင်း နဲ့ အပြင် ရွေး ကြ ရအောင်နော့ ၊ လူတော်တော်များများ ပါးစပ်နှာခေါင်းစီး(Mask) တပ်တဲ့အခါ အဖြူရောင်ကို အတွင်းဘက်(မျက်နှာဘက်)မှာထားပြီး အစိမ်း၊ အပြာအရောင်တွေကို အပြင်ဘက်မှာ ထားလေ့ရှိကြပါတယ်။

ဒါက မှားလည်းမှား မှန်လည်းမှန် ပါတယ်။ပါးစပ်နှာခေါင်းစီးရဲ့ တည်ဆောက်ပုံအရ အဖြူရောင်ဘက်မှာ ရောဂါပိုးမွှားတွေ၊အမှုန်အမွှားတွေကို စစ်ပေးနိုင်တဲ့ အလွှာလေး ပါရှိပြီး အရောင်ပါတဲ့ဘက်မှာတော့ အဲ့ဒီအလွှာလေး မပါပါဘူး။

ဒီတော့ အဖြူကို ကိုယ့်မျက်နှာဘက်မှာ ထားရင် ကိုယ့်ဆီက ရောဂါပိုးမွှားတွေကို တခြားလူတွေဆီ မရောက်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပြီး အရောင်ပါတဲ့ဘက်ကို ကိုယ့်မျက်နှာဘက်မှာ ထားမယ်ဆိုရင် ပတ်ဝန်းကျင်လေထုထဲကရောဂါပိုးမွှားတွေ ကိုယ့်ဆီ မကူးစက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ ကိုယ့်မှာ တီဘီရောဂါ၊ flu အစရှိတဲ့ လေထဲကနေ ကူးစက်တတ်တဲ့ရောဂါတွေ ရှိနေမယ်ဆိုရင် အဖြူရောင်ကို ကိုယ့်မျက်နှာဘက်မှာထားပြီး သုံးမှ ထိရောက်မှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်လေထုထဲက ရောဂါပိုးမွှားကူးစက်မှုကို ကာကွယ်ချင်တယ်ဆိုရင်တော့ အရောင်ပါတဲ့ဘက်ကို ကိုယ့်မျက်နှာဘက်မှာ ထားပြီး သုံးမှ ထိရောက်မှာ ဖြစ်ပါတယ်