လောကမှာရှိ တဲ့ သံယောဇဉ်တွေထဲမှာ သားသမီးနဲ့မိဘကြားက သံယောဇဉ်ဟာ အနက်ရှိုင်းဆုံးလို့ ဆိုနိုင်ပါတယ်။

Pennsylvania က အမျိုး သားတစ်ဦးဟာ မိခင်ဖြစ်သူနေထိုင်တဲ့အိမ် မီးလောင်နေတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ တုံ့ဆိုင်းနေခြင်းမရှိဘဲ မိခင်ရဲ့တိုက်ခန်းကိုအပြေးသွားခဲ့ပါတယ်။

မိခင်ဖြစ်သူပိတ်မိနေတဲ့နေရာဟာ အထပ်မြင့်တိုက်ရဲ့ ၁၅လွှာမှာဖြစ်ပါတယ်။ Jarmine လို့အမည်ရတဲ့အမျိုးသားဟာ မိခင်ဖြစ်သူရဲ့တိုက်ခန်း မီးလောင်နေပြီး မိခင်ပိတ်မိနေကြောင်း ညီမဖြစ်သူဆီကဖုန်းလက်ခံရရှိပြီးတာနဲ့ အပြေးလာကာ ထိုအထပ်မြင့်ပေါ် တွယ်တတ်သွားခဲ့တာဖြစ်ပါတယ်။

Jarmine ရဲ့ ပင့်ကူလူသားလိုကျွမ်းကျင်တဲ့ စွမ်းရည်ကို ဗီဒီယိုလေးထဲမှာတွေ့မြင်ရမှာပါ။ ကံကောင်းစွာပဲ သူ့မိခင်ဟာလည်း မီးဘေးအန္တရာယ်ကလွတ်ကင်းခဲ့တယ်လို့သိရပါတယ်။

အရင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ဖူးတဲ့ Jarmine ကို ဒီသတင်းနဲ့ပတ်သတ်ပြီး မေးမြန်းရာမှာတော့ “ဘယ်သားသမီးဆို အမေဒီလိုဖြစ်တယ်ကြားရင် သူ့လိုလုပ်မိမှာပါပဲ ” လို့ဖြေကြားခဲ့ပါတယ်။

သိပ်ကိုအားထားရတဲ့ တန်ဖိုးရှိတဲ့သားပါပဲနော်။

Writer -LLA ( Shwe Yaung Lan )
Source-Bright vibes