တ ရုတ်နိုင် ငံ ဝူဟန်ဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဟာ တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထိ ပြန့်နှံ့ခဲ့ပြီး ကူးစက်ခံရသူ ၁၃၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်…..

အဲတာကြောင့် တခြားနိုင်ငံတွေကလည်း မိမိတို့ရဲ့ လေဆိပ်တွေမှာ ကျန်းမာရေးတင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်လာလျက်ရှိပါတယ်……

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝူဟန်မြို့က အမျိုးသမီးတစ်ဦးကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံကို ပြန်ပို့လိုက်တယ်လို့ တူရကီကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်…..

အဆိုပါ အမျိုးသမီးဟာ ရောဂါစဖြစ်တဲ့ ဝူဟန်မြို့ကနေ တူရကီကို တိုက်ရိုက်လာခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်….

သူနဲ့ အတူလာတဲ့ တခြားခရီးသွားတွေမှာတော့ ရောဂါလက္ခဏာတွေ မရှိဘဲ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တဲ့ ဆေးရုံဝန်ထမ်းတွေအပါအဝင် လူ ၂၀ ခန့်ကိုတော့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်…ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၄၁ ဦးထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)