လိေ မၼာ္သီးသည္အဖိုးအို ရဲ့ လိမ္မော်သီးတွေကို ရဲဒင်းနဲ့ ခုတ်ထစ်ဖျက်ဆီးနေတဲ့ သတင်းလူမှုကွန်ရက်ပေါ်တက်လာပြီးနောက်ပိုင်း အဘိုးကို သနားလို့ ဖိလစ်ပိုင် မော်ဒယ်လ် ဆီနွန်အပါအဝင် အနုပညာရှင်တွေနဲ့ အလှူရှင်တွေက အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်…

ဒီလိုလှူဒါန်းမှုကြောင့် ရရှိလာတဲ့ အလှူငွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ရတယ်ဆိုတဲ့အကြောင်းနဲ့ ကုန်ခြောက်ဆိုင်ဖွင့်ချင်တဲ့အကြောင်းကို လိမ္မော်သီးသည်အဘိုးက အင်တာဗျူးတစ်ခုကနေ ခုလို ဖွင့်ဟလာပါတယ်…

“အဘိုးအသက်က ၇၁ နှစ်ရှိပြီဖြစ်ပြီး ခုလိုလိမ္မော်သီးတွေကို မိမိရှေ့တင်ဖျက်ဆီးခံရတာ ဒီတစ်ခါပဲ ကြုံဖူးတယ်လို့ အဘိုးက မျက်ရည်တွေကျပြီး ပြောခဲ့ပါတယ်….နှစ်တွေအကြာကြီးရောင်းချလာခဲ့တာကြောင့် ဒီအလုပ်လေးကို သံယောဇဉ်ဖြစ်ပေမယ့် အခုတော့ ကုန်ခြောက်ဆိုင်လေးပဲ ဖွင့်တော့မယ်လို့ အဘိုးက ဝမ်းနည်းစွာဆိုပါတယ်….

ဒါ့အပြင် အဘိုးက သူတို့လို လူမျိုးတွေကို လှူတဲ့သူတွေရှိတယ်ဆိုတာလည်း အားလုံးကို သိစေချင်တယ်လို့ ဆိုပါတယ်…လာလှူတဲ့ သူတွေကိုလည်း သူတို့လိုလူတန်းစားတွေကိုလှူပြီး မရှိဆင်းရဲသားတွေကို ပစ်မထားတာကြောင့် အရမ်းကျေးဇူးတင်တယ်လို့ အဘိုးက ဆိုပါတယ်…. ခုလိုရလာတဲ့ အလှူငွေကလည်း ၆၉ သိန်းရရှိခဲ့ပြီး အိမ်မှာတောင် မထားဘဲ ဘဏ်မှာထားတယ်လို့ အဘိုးက ပြောပါတယ်… အဆိုပါ အလှူငွေတွေကိုလည်း အလွဲသုံးစားမလုပ်ဘူးလို့ အဘိုးက သစ္စာဆိုပါတယ်….”

အဘိုးအနေနဲ့ ဗိုလ်ချုပ်ဈေးမှာတင် မွေးခဲ့တာဖြစ်ပြီး လိမ္မော်သီးရောင်းခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ….အဘိုးပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးတို့ ကြည့်နိုင်အောင် အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်…

Writer – HW (Shwe Yaung Lan)
Video Source :Fashion Magazine Myanmar