Wuhan မှာ အစိုးရဖုံးကွယ်ထား တဲ့ တကယ်သေတာ လူ၉ သောင်းရှိပြီဆိုတဲ့အကြောင်းကိုဆေးရုံ ကအတွင်းလူပြောပြနေတဲ့video File ပေါက်ကြား

တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်မှ Coronavirus ပိုးပျံ့ပွားမှု ရပ်တန့်ကာကွယ်တားဆီးရေးဥပဒေတစ်ရပ်အရေးပေါ်ထုတ်ပြန်လိုက်သည်

( အမြင်မတော်သူများဖတ်လို့ရအောင်ကူညီပေးလိုက်ကြပါဗျာ )

တရုတ်ပြည်သူ့သမ္မတ Xi Jinping သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေနှင့်အညီ Coronavirus ဗိုင်းရပ်စ်ပိုး ရပ်တန့်ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာစည်းမျဉ်းဥပဒေကိုအရေးပေါ်ထုတ်ပြန်လိုက်ပြီး ချိုးဖောက်သူများအားလုံးကို အထူးအမိန့်ဖြင့်အမြင့်ဆုံးပြစ်မှုပြဌာန်းရန်အတွက် စစ်တပ်မှအရာရှိများ ရဲတပ်ဖွဲ့များအားအရေးပေါ်အထူးအမိန့်အာဏာကိုထုတ်ပြန်လိုက်ပါတယ် ။

ဝူဟန်မြို့ဆေးရုံတွင် ရောဂါပိုးကူးစက်ခံရသူ အမျိုးသမီးလူနာတစ်ဦးသည် မကြာခင်သူသေဆုံးရတော့မည်ဟုတွေးထင်ကာစိတ်ဖောက်ပြန်ပြီး သူခန္ဓာကိုယ်မှဆေးပိုက်များ ၊ အောက်စီဂျင်ပိုက်များဆွဲချွတ်ကာ သူ၏တံတွေးများဖြင့်နာစ်မများကိုလိုက်လံတို့ကာ ” မင်းတို့ငါ့ကို မသေအောင် ကုသပေးရမယ် ၊ ငါ့ကိုဂရုမစိုက်ဘဲ တစ်ယောက်ထဲပစ်ထားမယ်ဆိုရင် မင်းတို့အားလုံးငါနဲ့အတူတူ သေရမယ် ၊ ငါ့နားကနေဘယ်မှမသွားကြနဲ့ ” ဆိုပြီး ပြသနာရှာခဲ့တဲ့အတွက် ယခုလိုပြုမူနှောက်ယှက်ခဲ့ပါကအမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ တရားရုံးသွားစရာမလိုဘဲ အစစ်အဆေးမရှိတစ်ခါတည်း ထောင်ထဲမှာသွားထည့်ပစ်ဘို့ မိန့်ခွန်းမှာပြောကြားခဲ့ပါတယ် ။

တရုတ်နှစ်ကူးပွဲတော်အတွက် သမ္မတက ” ဒီအချိန်မှာ ငါတို့အတွက် ကျင်းပရမည့်အခီန်မဟုတ်ဘူး ၊ ဝူဟန်နဲ့အခြားနိုင်ငံသားများအပါအဝင် သက်ဆိုင်သူအားလုံးက ဒီဗိုင်းရပ်စ်ပိုးကို မည်သို့ကာကွယ်တာဆီးတိုက်ခိုက်ကြမလဲဆိုတာကို လေ့လာရမယ် ၊ ငါတို့အားလုံး တစ်စိတ်တည်း တစ်စည်းတည်း စည်းစည်းလုံးလုံးရှိနေကြဘို့လိုတယ် ၊ ဒါ့ကြောင့်ကျွန်ပ်တို့အားလုံး စည်းမိဉ်းဥပဒေများကို လေးစားလိုက်နာကြရန်တောင်းဆိုပါတယ် ” ဟုပြောကြားခဲ့သည် ။

ထို့အပြင်သမ္မတရှီကျင့်ဖျင် သည် အထူးမိန့်ခွန်းတွင်တရုတ်လူမျိုးအားလုံး ကမ္ဘာအနှံခရီးသွားလာခြင်းလုပ်ငန်းများကို ခရီးသွားကုမ္ပဏီများအားတားမြစ်ခြင်း ၊ လေယာဉ်လက်မှတ်များရောင်ချခြင်း ၊ ဟိုတယ်များခေတ္တပိတ်ပင်ခြင်းများကိုလည်းတားမြစ်ထားပါတယ် ၊ လူတိုင်း ဗိုင်းရပ်စ်ပိုးရပ်တန့်ကာကွယ်မှုအတွက်အထူးဥပဒေများနှင့်စည်းမျဉ်းများကိုလေးစားလိုက်နာကြရန်နှင့် အကယ်၍ချိုးဖောက်ပါကဥပဒေအရအရေးယူခံရမညဖြစ်ပြီးခရီးသွားကုမ္ပဏီများအတွက်တရားဝင်လိုင်စင်ရုတ်သိမ်းသွားမှာဖြစ်တယ်လို့မနေ့က သတိပေးပြောကြားသွားပါတယ် ။

ဇန်နဝါရီလ (၂၇) ရက်နေ့မှာတော့ အမေရိကန်မှ လေယာဉ်စီးလုံးဖြင့်တရုတ်ပြည် ဝူဟန်မြို့နယ်တွင်ရောက်ရှိနေသော အမေရိကန်သံအဖွဲ့များနှင့်အခြားပြည်သူများအားလုံးကိုသွားရောက်ခေါ်ဆောင်မည်ဖြစ်ပါသည် ။

ကူးစက်မြန်ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာခန္ဓာအပူချိန်အဖျားငွေ့ငွေ့လေးရှိနေတဲ့အချိန် ဗိုင်းရပ်စ်ပိုးရှိနေကြောင်းမသိသာသလို ဗိုင်းရပ်စ်ပိုးမျိုးဥဟာ အကောင်ပေါက်ပြီးပြီဆိုရင်တော့ လူချင်းထိတွေ့ရင်လည်းကူးစက်နိုင်ပါတယ် ၊ တံတွေးကနေတဆင့်အလေထဲကနေပျံ့နှံ့ကာလူတစ်ယောက်မှ ၁၄ ဦးအထိကိုပျံ့နှံ့ကူးစက်နိုင်ကြောင်း ဝူဟန်ဆေးရုံကနာစ်မကပြောထားပါတယ် ။

ဒီဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ်ကုသနိုင်မယ့်ဆေးဝါးနှင့်ကာကွယ်ဆေးကိုစမ်းသပ်ရှာဖွေနေဆဲဖြစ်ပါတယ်…အဆိုပါအဆုပ်ရောင်ကူးစက်ရောဂါသည် ကူးစက်နေရမှန်း မိမိကိုယ်မိမိမသိနိုင်သလို သာမာန်ဆေးစစ်ချက်နဲ့လည်း ပိုးရှိနေမှန်းမသိနိုင်ဘူးလို့ဆိုပါတယ်..
တရုတ်ပြည်မှာတော့ကူးစက်ခံရသူတွေကိုအမှန်တကယ်သတင်းမှန်တွေကိုမထုတ်ပြန်ခြင်းကြောင်း သိန်းချီရှိနေကြောင်းသုံးသပ်ပြောဆိုနေတာတွေလည်းရှိနေကြပါတယ်..

ပင်လယ်အစားသောက်တွေ ၊ တောရိုင်းတိရိစ္ဆာန်အမျိုးပေါင်း ၁၂၀ ကျော်ကိုဝူဟန်ဈေးမှာအရှင်ရော အသေရောရောနှောရောင်းချထားပြီး တရုတ်လူမျိုးများသည်အသားအစိမ်းများကိုမဆင်မခြင်ခုံမင်စားသောက်လေ့ရှိသည့်အတွက် ထိုမှတဆင့်ကူးစက်ပျံ့ပွားကြောင်းပညာရှင်များကဆိုပါတယ်..

တရုတ်သမ္မတကတော့တရုတ်ပြည်သူတွေကိုစည်းစည်းလုံးလုံးနဲ့ ကျမ္မာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားကုသမှုတွေကိုစနစ်တကျခံယူဘို့နဲ့ မိမိအတ္တကိုရှေ့တန်းတင်ပြီးဇွတ်အတင်းအဓမ္မ နှောင့်ယှက်ကုသမှုတွေပြုလုပ်ခိုင်းပါက ဘာမှအစစ်အဆေးအမေးအမြန်းမရှိချက်ချင်းထောင်ထဲထည့်ပစ်ဘို့တစ်ချက်လွှတ်အမိန့်ကိုဇန်နဝါရီလ ၂၅ ရက်နေ့ကညွှန်ကြားထားကြောင်း အဆိုပါနာစ်မလေးက VDO ဖိုင်ကနေပြောကြားခဲ့ပါတယ်..

ရောဂန္တရကပ်ဆိုးကြီးလို့ခေါ်တွင်တဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၀၀၀၀၀ ကိုကုသပေးနေရပါကြောင်း လူနာအဆုတ်ထဲတွင် ခိုအောင်းနေသော ဗိုင်းရပ်စ်ကို CTscan ဖြင့်သာရှာတွေ့နိုင်ကြောင်း Thermal sensour က ယေဘုယျသာစစ်ဆေးနိုင်ပြီး မတိကျကြောင်း ၊ ဆေးရုံတွင်ကုတင်သည်လည်း လက်ခံနိုင်သည့် အင် အားထက် လူနာကပိုများနေပါကြောင်း ဝူဟန်ဆေးရုံတွင် ဆရာဝန် ၁၀ဦးသာရှိပြီး သူနာပြုအင်အားလည်းမလုံလောက်ပါကြောင်း နှင့် လူနာများသေဆုံးသည်ကို ဒီအတိုင်းကြည့်နေရပါကြောင်း မိမိတို့ဆေးဝန်ထမ်းများပါ အသက်အန္တရာယ် စိုးရိမ်နေရပါကြောင်း တရုတ်ဗဟို အစိုးရထံက လုံလောက်သော ဆေးဝါး အကူအညီများမရရှိပါကြောင်းအစိုးရ TV အစီအစဉ်တင်ပြသည်ထက် မြေပြင်တွင် အခြေအနေဆိုးဝါးပါကြောင်း ဒီရောဂါက ပြည်သူ ၆၅သန်းကို ၉လအတွင်း အသေသတ်နိုင်အောင် ပြင်းထန်ဆိုးဝါးပါကြောင်းငိုရှိုက် ပြောကြားနေသည့် ဝူဟန်ဆေးရုံကတာဝန်ကျ ဆရာဝန်မတဦး၏ Video clip ပေါ်ထွက်လာပါတယ်။

Photo Crd

ไวรัสโคโรนา coronoavirus Sithu Maung