Credit-myfoodmyanmar.
Unicode
“ဆီးချိုအတွက် ကောင်းမွန်တဲ့အပြင် ငှက်ပျောဖူးစားပေးခြင်းရဲ့ အကျိုးကျေးဇူးများ”
ကျွန်မငယ်ငယ်တုန်းကဆို မေမေက ငှက်ပျောဖူး မကြာခဏဆိုသလို ချက်ကျွေးလေ့ရှိပါတယ်။ သိပ်ကိုအရသာရှိပြီး စားကောင်းလွန်းလို့ အသားနဲ့တောင် မလဲနိုင်ပါဘူး … ။ အခုတော့ အိမ်နဲ့ဝေးနေတာကြာပြီမို့ ငှက်ပျောဖူး ကိုစားချင်တိုင်း ဆိုင်တွေမှာ စျေးကြီးပေးပြီး ဝယ်စားနေရပြီပေါ့ရှင် …. ။
စာဖတ်သူတို့ကော ငှက်ပျောဖူးကို စားဖူးကြလား။ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်တွေမှာ ငှက်ပျောဖူးဟင်းလျာကို ထည့်သွင်းရောင်းချကြတာပဲဖြစ်ပါတယ် … ။ ငှက်ပျောဖူး ဟာ အရသာရှိရုံသာမက ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုတာပဲဖြစ်ပါတယ် … ။
ကျန်းမာရေး ကောင်းမွန်ဖို့ အတွက် ဆေးဝါးတွေကို အထူးတလည် မှီဝဲစရာ မလိုပါဘူး။ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျန်းမာပျော်ရွှင်ခြင်းရဲ့ အခြေခံအရင်းအမြစ်တွေပဲဖြစ်ပါတယ် .. ။
ဒီတော့ ငှက်ပျောဖူးစားတာ ဘယ်လို အကျိုးကျေးဇူးတွေရှိသလဲ … ။
(1) သွေးအားနည်းရောဂါကို ကုသပေးနိုင်ပါတယ် … ။
(2) အစာအိမ်နာတာကို သက်သာစေပါတယ် … ။
(3) ဆီးချိုရောဂါ ဝေဒနာရှင်တေနဲ့ နို့တိုက်မိခင်တွေ အတွက် အထူးကောင်းမွန်ပါတယ် … ။
(4) အမျိုးသမီးတွေ အတွက် လစဉ်ဓမ္မတာ မှန်စေပါတယ် … ။
(5) ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ် … ။
(6) ဝမ်းချုပ်တာကိုလည်း လျှော့ကျစေပါတယ် … ။
(7) ဒါ့အပြင် သားအိမ်ကိုလည်း ကြံ့ခိုင်စေလို့ သားအိမ်ကျတာ မဖြစ်နိုင်ပါဘူး … ။
(8) သွေးတိုးလည်း ကျစေပါတယ် … ။
Credit-myfoodmyanmar.