ဝူဟန် ဗိုင်းရပ်စ်လို့ခေါ်တဲ့ Novel Corona Virus ဟာ တရုတ်နိုင်ငံကနေ စတင်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကူးစက်နေပြီ။ ထိုင်းမှာ ၇ဦး၊ စင်္ကာပူမှာ ၃ဦး၊ မလေးရှားမှာ ၃ဦး၊ ဗီယက်နမ်မှာ ၂ဦးနဲ့ ဗြိတိန်မှာ လူ၂၀၀၀ကျော်ကို စောင့်ကြည့်နေရပြီး ပြင်သစ်၊ ဩဇီတို့ကိုပါ ပျံ့နှံ့မှု ရှိနေနိုင်ပြီဆိုတဲ့ သတင်းတွေပါ ဖတ်ရတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာလည်း ကူးစက်မှုရှိနေပြီလို့ သိရတယ်။

ဝူဟန်မြို့က တောတွင်းသားကောင်တွေကို ရောင်းချတဲ့ သားငါးဈေးတစ်ခုကနေ ရောဂါစတင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တယ်။ ရောဂါဇစ်မြစ်ကို အတိအကျမဆိုနိုင်သေးသလို လင်းနို့ကနေ ကူးစက်တယ်လို့ အကြမ်းဖျင်း သိရတယ်။

ဒါ့အပြင် ဒါက သဘာဝအရ ကူးစက်ရောဂါမဟုတ်ဘဲ တရုတ်ရဲ့ လျှို့ဝှက် ဇီဝလက်နက်ထုတ်လုပ်တဲ့ ဓါတ်ခွဲခန်းကနေ ပျံ့နှံ့လာခြင်းဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ဒင်းကြမ်းထွက်ပေါ်လာခဲ့တယ်။ အမေရိကန်၊ ရုရှားနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက တရုတ်မှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ စီစဉ်နေကြပြီ။ တရုတ်ပြည်မှာ သေဆုံးသူ ၄၁ဦးဆိုတဲ့ ထုတ်ပြန်ချက်ကို မယုံကြည်ကြဘဲ (၆)ရက်အတွင်း ဆောက်လုပ်မယ့် ဆေးရုံသစ်နေရာမှာ ရောဂါကူးစက်ခံထားရတဲ့သူတွေကို သုတ်သင်ပစ်နေတယ်လို့ သံသယတွေ ရှိနေကြတယ်။

ဝူဟန်ကနေ ထွက်ခွါလာတဲ့ လေယာဉ် မြန်မာပြည်မှာ ဆိုက်ရောက်ခဲ့တဲ့ကိစ္စကြောင့် ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြတယ်။ ကျန်းမာရေးဝန်ကြီးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကုန်ကြိုတင်ပြင်ဆင်ထားတယ်၊ ပြင်ဆင်ထားမှုတွေကို မြင်ရင် ဖျားတောင်သွားဦးမယ်ဆိုပြီး ပြောသတဲ့။ ဖျားမှာကြောက်နေပါတယ်ဆိုမှ ဖျားတောင်သွားဦးမယ်ဆိုတော့ အေးပါကွာလို့ပဲ ပြောရတော့မယ်။

အခုထိတော့ မြန်မာပြည်မှာ ဒီ Virus ကို မတွေ့ရှိသေးဘူး။ မရှိတာလည်း ဖြစ်နိုင်သလို ရှိပြီး မတွေ့သေးတာလည်း ဖြစ်နိုင်တယ်။ အိမ်နီးချင်းနိုင်ငံတွေ အားလုံးနီးပါး ဖြစ်ပွါးနေပြီး မြန်မာမှာ မဖြစ်ပွါးသေးတာကိုပဲ စိတ်သက်သာရာ ရနေရတယ်။

ဒီရောဂါက အဆန်း။ သေရင်လည်း သေနိုင်တယ်။ သေချင်မှလည်း သေမယ်။ ကာကွယ်လို့တော့ ရတယ်။ ဒါပေမယ့် ရချင်မှလည်း ရမယ်။ ဆင်ဆင်ခြင်ခြင်နေရင် ကူးချင်မှ ကူးမယ်။ အေး… ကူးရင်လည်း ကူးမယ်။ အဲ့တော့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ။

ဒီ Virus က ခုခံအားကို တိုက်ထုတ်ပစ်တဲ့ ပုံစံမျိုး။ ခုခံအားနည်းတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်ရပေမယ့် ခုခံအားကောင်းရင်တော့ ကံကောင်းနိုင်တယ်။

အဲ့တော့ ဒီရက်ထဲ မဖျားအောင် ဂရုစိုက်ကြပါ။ အာဟာရဖြစ်တဲ့ အစားအစာတွေစားပါ။ Vitamin C လို ဖျားနာမှုကို ကာကွယ်နိုင်မယ့် အစားအစာမျိုးတွေ စားပါ။ လူထူထူနေရာတွေ မသွားနဲ့။ လက်သေချာဆေးပါ။ ဖြစ်နိုင်ရင် Mask တပ်ပါ။ ခုခံအားကောင်းမွန်အောင် နေထိုင်ပါ။

မိုးပြို… အများနဲ့ပဲဆိုတော့ အရမ်းလည်း ကြောက်နေစရာ မလိုပါဘူး။ အသက်ကို ဥာဏ်စောင့်ဆိုတာလေးပဲ ရင်ထဲထည့်ထားကြရုံပေါ့။ သိပ်လည်း မပူပါနဲ့။ တရုတ်ကနေ နေ့တိုင်း အချိန်တိုင်းဝင်နေတဲ့ အရည်အသွေးနိမ့်တွေ အမြဲ သုံးစွဲစားသုံးနေကြရတဲ့ နိုင်ငံဆိုတော့ တရုတ်ဗိုင်းရပ်စ် “ပြီး” နေတာလည်း ဖြစ်နိုင်တာပဲ။

လွယ်တော့ မလွယ်ဘူး ကြံဖန်တွေးတတ်ရတာပေါ့။

အိပန်ဆယ်လို
လေးစားစွာဖြင့် Blacker