စာလေး ဆုံးအုန်းဖတ်ပြီး အကြံပေးပါရှင်” “မနေ့နေ့ခင်းက ကျောင်းမှာ အတန်းတူ ကျောင်းသား ၄ ယောက်က ချုပ်ပေးပြီး ကျောင်သား တယောက်က သားကြီးရဲ့ ဆီးစပ်နဲ့ ပေါင်ခြံကို ရေအပြည့်ပါတဲ့ရေသန်းပုလင်းနဲ့ ၃ကြိမ်ခန့် အရှိန်နဲ့အားကုန်လွှဲရိုက်ခံရ၍ အိမ်ပြန်ရောက်တဲ့အချိန်အထိစကားဟဟ မပြောနိုင်ပါဘူးရှင်”

“ကျမက သာမန်နာကျင်မှု့အနေနဲ့ရေခဲဝတ်ဘဲအုံပေးပြီး သိပ်ထားပါတယ်။ ယနေ့ထိ အနာက မသက်သာဘဲ ဆီးစပ်မှာစိမ်းပြီးရောင်နေလို့ပါရှင်”

“နီးစပ်ရာဆေးခန်းဘဲပို့ရမလား၊ အရေးပေါ်ကိုပို့ပြီး ဆေးစစ်ရမလား…ကူညီပြီးအကြံပေးပါရှင်”

(အတန်းပိုင်ဆရာမကို ယနေ့ခွင့်တိုင်ရင်း အကျိုးအကြောင်းပြောပြပြိး ကျောင်းသားတွေကို အုပ်စုဖွဲ့အနိုင်မကျင့်ဖို့ တောင်းဆိုခဲ့ပေမယ့်…..အုပ်စုခေါင်းဆောင် အနိုင်ကျင့်တဲ့ကျောင်းသားက ဒီနေ့ကျောင်းမတက်ပါဘူး…ကျန်နောက်လိုက်ကျောင်းသားများကိုလည်း .ဆရာမက သာမန်ကစားရင်းဖြစ်တဲ့အမှု့လို အဆုံးမ မရှိလို့ပါရှင်…နောက်တခါ ထပ်ဖြစ်မှာလည်း စိုးပါတယ်။)

အောက်မှာတွဲတင်ထားတဲ့ ပုံတွေကလည်း လွန်ခဲ့တဲ့ ၃လက ကျောင်းကစားကွင်းထဲမှာ တွန်းချခံရလို့ ရခဲ့တဲ့ ဒဏ်ရာများပါ။ ကျမအနေနဲ့ ကစားရင်းဖြစ်တဲ့ အနေနဲ့ ကိုယ့်ကလေးကိုဘဲ ပြန်ခေါ်ဆေးကုခဲ့ပါတယ်။ ဘယ်သူ့မှ အပြစ်မပြောခဲ့ပါဘူးရှင်….အကြံပေးကြပါအုန်းရှင့်