တ ရုတ်သမ္မတ ရှီကျင့်ဖျင်က ရောဂါသည် အရှိန်ပိုမြင့်လာပီး ကူးစက်မှု အလွန်အားကောင်းနေကြောင်း။ မကြာမီ သုသာန်တစပြင်ဖြစ်တော့မည့် အခြေအနေကို ရင်ဆိုင်နေရပီဖြစ်ကြောင်း ကမ္ဘာကို ပြောကြားလိုက်ပီးနောက် အမေရိကန်နှင့် ရုရှားအပါအ၀င် နိုင်ငံတချို့သည် တရုတ်ပြည် ၀ူဟန်မြို့မှ ၄င်းတို့ နိုင်ငံသားများကို ကယ်ထုတ်ရန် စီစဉ်နေကြပီဖြစ်သည်။ အမေရိကန်က မနက်ဖြန်တွင် ချက်တာလေယာဉ်များ စေလွှတ်မည်ဖြစ်သလို ရုရှားက မည်သို့လုပ်မည် မသိရှိသေးပေ။

အာရှတိုက်တွင် ကူးစက်မှု များပြားနေပီး ထိုင်းတွင် ၇ ယောက်ရှိလာပီဖြစ်သည်။ နီပေါတွင် ၃ဦး။ ဗီယက်နမ်တွင် ၂ဦး။ စင်ကာပူတွေ ၃ဦးနှင့် မလေးရှားတွင် ၃ဦး ကူးစက်နေကြသည်။ ထို့အပြင် ပြင်သစ်နှင့် သြဇီတို့ကိုပါ ကူးစက်နေပီး ဗြိတိန်နိုင်ငံတွင် လူ ၂၀၀၀ ကျော်ကို စောင့်ကြည့်နေသည်။ ထိုရောဂါ ဥရောပတိုက်သို့ ရောက်ရှိလာမှုနှင့်အတူ ကမ္ဘာတခုလုံးသည် ကပ်ရောဂါတခုကို ရင်ဆိုင်နေရပီဖြစ်သည်။ EU ကျန်းမာရေးဌာနက ဤအခြေအနေမျိုးကို မိမိတို့ မမျှော်လင့်ထားကြောင်းနှင့် အစွမ်းကုန်ကြိုးစားခုခံရမည်ဟု ဆိုသည်။

တရုတ်ပြည်သည် ၀ူဟန် ကိုရိုနာဗိုင်းရပ်ကို ကုသရန် အရေးပေါ်အဖြစ် ကုတင် ၁၀၀၀ ဆေးရုံကို ၆ ရက်ထဲနှင့် အပြီးတည်ဆောက်နေသည်။ မနေ့က နှစ်သစ်ကူးပွဲကျင်းပနေသော်လည်း ဘေဂျင်းရှိ ခေါင်းဆောင်များ၏ မျက်နှာတွင် စိုးရိမ်မှုများ ထိန်းမရအောင် ပေါ်လွင်နေခဲ့သည်။ ကမ္ဘာတ၀ှမ်းလုံးမှ ဆေးသိပ္ပံပညာရှင်များကလဲ ကာကွယ်ဆေး တီထွင်နိုင်ရန် အစွမ်းကုန်ကြိုးစားရှာဖွေနေကြသည်။ WHO သည် ကမ္ဘာတခုလုံးရှိနိုင်ငံများနှင့် ချိတ်ဆက်၍ အချိန်နှင့် တပြေးညီ လမ်းညွှန်ချက်များ ပေးပို့နေသည်။

ဤ Virus ၏ သဘော သဘာဝအရ လူ၏ ခုခံအားစနစ်က အလိုအလျောက်တိုက်ထုတ်မည်ဖြစ်ပီး ရက်အနည်းငယ်အကြာတွင် ပျောက်ကင်းနိုင်သည်။ ထိုသို့ ခုခံနေစဉ် အသက်မဆုံးရှုံးစေရန် ကာကွယ်ထားနိုင်ဖို့လိုသည်။ သို့သော် ကိုယ်ခံအားနည်းနေသည့်လူနာ၊ အသက်အရွယ်အရ ကြီးမြင့်လွန်းသည့် ငယ်ရွယ်လွန်းသည့် လူနာများ။ နဂိုအခံရောဂါခံစားနေရသူများအတွက်တော့ မလွယ်ကူနိုင်ပေ။ မည်သို့ဆိုစေ လူနာ ၃၈ ဦး ပျောက်ကင်းမှုရှိလာသည်က အားတက်ဖွယ်ဖြစ်သည်။

လက်ရှိအချိန်တွင်တော့ ထိုဗိုင်းရပ် ကူးစက်မှုကို တားဆီးရန် မဖြစ်နိုင်သေးပါ။ အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်နေဆဲဖြစ်သည်။ ထိန်းချုပ်နိုင်ခြင်းမရှိပါ။ ကာကွယ်ဆေးကလဲ စမ်းသပ်နေဆဲဖြစ်သည်။ ထို့ကြောင့် တရုတ်ပြည်သည် အန္တရာယ်များသည့် ရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်နေရပီဖြစ်သည်။

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ထိပ်တန်းနိုင်ငံတခုတွင် ကပ်ရောဂါတခု ပေါက်ကွဲထွက်လာခြင်းသည် တကမ္ဘာလုံးပေါ်ကို အကျိုးသက်ရောက်မှု ရှိသည်။ ယခုအခါ တကမ္ဘာလုံးသည် ထိုရောဂါကို ရင်ဆိုင်ရတော့မည်ဖြစ်ပီး ဘေးချင်းကပ် အိမ်နီးချင်း မိမိတို့ မြန်မာနိုင်ငံသည်လည်း မည်သည့်အဖြစ်အပျက်များနှင့် ရင်ဆိုင်ရမည် မသိပါ။ တရုတ်နိုင်ငံသည် တရုတ်သမ္မတရှီကျင့်ဖျင်ပြောသလို တိုင်းပြည်သည် သချိုင်းကုန်းကို ခြေတဖက်လှမ်းနေပီလော။ အ၀င်အထွက် ပိတ်ဆို့ခံထားရပီး ကမ္ဘာနှင့် အဆက်ဖြတ်ခံထားရပီဖြစ်သော ဟူဘေးပြည်နယ် မြို့ကြီး ၁၁ မြို့မှ ပြည်သူများ၏ အနာဂတ်သည်ကော…

ကျနော်တို့သည် တခါတရံ ဆုတောင်းပေးရုံသာ တတ်နိုင်လေသည်…

Nay Thway
လေးစားစွာဖြင့် Blacker