လူဦးေ ရထူထပ်သည့် နိုင်ငံအရှေ့တောင် ကမ်းရိုးတန်းဒေသအပါအဝင် တရုတ်ပြည်ပြည်နယ်၃၀အား အရေးပေါ်အခြေအနေကြေငြာ၍ ကျန်းမာရေးကဏ္ဍ၌ “A” အဆင်သင့်ပြင်ထားရန် တရုတ်အစိုးရမှ ဇန်နဝါရီ ၂၅ ဒေသစံတော်ချိန်ညနေ ၆:၃၀ (မြန်မာစံတော်ချိန်ည၈နာရီ)၌ ရုတ်တရက်အရေးပေါ်ကြေငြာခဲ့သည်။

ကွမ်တုံး၊ဟူးပေ၊ဟူနန်၊ကျဲ့ကျန်း၊တီယန်ကျင်း၊ပီကင်း၊အမ်းဟွေး၊စီချွမ်း၊ကွမ်ရှီး၊ယူနန်၊ကွေ့ကျိုး၊ဟော်ပေ၊ဟော်နန်၊ဖူ့ကျန့်၊ကျန်းဆူး၊ဟိုင်နန်ကျွန်း၊အတွင်းမွန်ဂိုဒေသ၊ရှင်ကျန် ဝီဂါဒေသ အပါအဝင်ပြည်နယ် ၃၀မှ ကျန်းမာရေးစံသတ်မှတ်ချက် “A” အဆင့်ကို ပီကင်းအစိုးရမှထုတ်ပြန်ကြေငြာခဲ့သည်။

လူထူထပ်သော ကားဂိတ်၊လေဆိပ်များအပါအဝင် public area ၌ ခန္ဓာကိုယ်အပူချိန်အား မဖြစ်မနေစစ်ဆေးရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရက်ကူးဆက်ခံ သံသယလူနာတွေ့ရှိပါက အဆိုပါနေရာအားသီးသန့်ကန့်သတ်ပစ်ရမည်ဟု အဆိုပါ “A” အဆင့် စံသတ်မှတ်ချက်မှဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းများအား ပိတ်ပင်ရမည်ဖြစ်ပြီး ပြည်သူများအတတ်နိုင်ဆုံးအပြင်မထွက်ကြရန် နိုင်ငံပိုင်မီဒီယာများမှတဆင့် ပန်ကြားထားသည်။ထို့အပြင် သံသယလူနာများအားထားရှိရန် သီးသန့်ဒေသတခုမဖြစ်မနေသတ်မှတ်ခါ အဆင်သင့်ဖြဟ်နေရမည်ဟု ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီက ရောဂါထိန်းချုပ်ရေးနှင့် ဖြေရှင်းရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပြီး သမ္မတပါဝင်သော ဗဟိုကော်မတီက တိုက်ရိုက်ကွပ်ကဲမည်ဖြစ်ကြောင်း၊ တိုင်းပြည်ရှိ မျိုးနွယ်စုအားလုံး စုပေါင်း၍ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရမည်ဟု သမ္မတ ရှီကျင့်ပင်က ပြောဆိုကြောင်း CCTV နှင့် ဆင်ဟွာ သတင်းဌာနများက သတင်းဖော်ပြသည်။

အသက် ၁၀ နှစ်အရွယ် ကလေးငယ်မှာ ပုံမှန် စစ်ဆေးတာ ရောဂါ မတွေ့ရဘဲ CT Scan ရိုက် ဓတ်ခွဲခန်းမှာ အဖြေရှာမှ ဒီရောဂါပိုးက အဆုတ်ထဲမှာ ခိုးအောင်း နေကြောင်း တွေ့ရှိသွားလို့ဖြစ်ပါတယ်။ ပုံမှန် ရောဂါလက္ခဏာမျိုး မဖြစ်လည်း လုံးဝ ဂရုစိုက်ကြရတော့မယ့် အခြေအနေ ဖြစ်ကြောင်းလည်း ထပ်မံကြေညာနေပါပြီ….