အိႏ ၵိယနိုင္ငံ၊ နယူးဒေလီမြို့မှာတည်ရှိတဲ့ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတဲ့ အိမ်ကြီးတစ်လုံးမှာ ငှားရမ်းနေထိုင်တဲ့ မိသားစုဝင်တွေအနက် (၁၁)ဦးအထိ ထူးထူးဆန်းဆန်း မိမိကိုယ်ကိုယ် မိမိ သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူတွေကတော့ ချန်ဒါဝက်နွယ်ဝင် မိသားစုဖြစ်ပါတယ်။ ၎င်းတို့ ငှားရမ်းခဲ့တဲ့အိမ်ဟာ ဒီမတိုင်ခင်ကတည်းက သရဲခြောက်လို့ ငှားရမ်းမယ့်သူ မရှိကြဘူးလို့ ဆိုပါတယ်။ သို့သော်လည်း ဒီကောလာဟလတွေဟာ အခုမှ ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ချန်ဒါဝက်လူမျိုးမိသားစုကတော့ အဲဒီအိမ်ကြီးကို သတ္တိရှိစွာ ငှားရမ်းခဲ့ပြီး၊ သူတို့ထဲက မိသားစုဝင် (၁၁)ဦး သေကြောင်းကြံစည်သွားချိန်မှာတော့ ဒီအိမ်ကြီးက သရဲတွေက ပြုစားခဲ့တာဆိုပြီး သတင်းတွေ ပိုမိုကျယ်ပြန့်စွာ ပေါ်ထွက်လာခဲ့ပါတယ်။ သေဆုံးသူတွေအများစုကတော့ ကြိုးဆွဲချ သတ်သေတာပါ။

ထူးဆန်းတာက သူတို့မျက်နှာတွေကို အဝတ်တွေနဲ့ စည်းနှောင်ထားပြီး၊ ပြစ်မှုဆိုင်ရာ ကျွမ်းကျင်အရာရှိတွေကတော့ သရဲဘယ်လောက်ခြောက်ပါတယ်ဆိုဆို ဒါကတော့ ထင်ရှားတဲ့ လူသတ်မှုတွေဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ နောက်ပြီး လူသတ်သမားက အများထင်ယောင်ထင်မှားဖြစ်အောင်-

အလောင်းတွေဘေးမှာ ထူးဆန်းတဲ့စကားလုံးတွေနဲ့ သေတမ်းစာသဘောမျိုး လီဆည်ရေးသားထားတယ်လို့ ပြစ်မှု/ဓာတ်ခွဲကျွမ်းကျင် ဒေါက်တာ Mohan Kashyap က တပ်အပ်ပြောခဲ့ပါတယ်။ သူက “ကျွန်တော်ကတော့ သရဲတွေ ဘာတွေညာတွေ မယုံဘူး “လို့ ပြောခဲ့ပါတယ်။

အိန္ဒိယရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်နေရာကနေ ထူးခြားတဲ့ သက်သေအထောက်အထားတွေကို သိမ်းဆည်းနေပါတယ်။ ရရှိတဲ့သက်သေတွေအရတော့ ဒါဟာ လူသတ်မှုသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယမန်နှစ် ဇူလိုင်လက ဖြစ်ခဲ့တဲ့ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အလောင်း(၉)လောင်းကို ကြိုးဆွဲချ သတ်သေတဲ့သဘောမျိုး ဖန်တီးထားပါတယ်။

သေဆုံးသူတွေမှာ ချည်နှောင်ထားတဲ့ ကြိုးပုံစံဟာ အလောင်းအားလုံးမှာ ချည်နှောင်ထားတဲ့ ကြိုးပုံစံနဲ့ တူညီနေသလို၊ လူသတ်သမားရဲ့ ခြေရာလက်ရာတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ယနေ့အချိန်အထိ လူသတ်သမား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိနိုင်သေးပါဘူး။

လင်းဇော်ကို (D Nae Khit)

D Nae Khit Media ၏ခွင့်ပြုချက်ဖြင့်ဖော်ပြသည်။