လက် ရှိကမ္ဘာကို ကိုင်လှုပ်နေတဲ့ ကိုရိုလာ ဗိုင်းရပ်စ် ခေါ် ဝူဟန် ဗိုင်းရပ်ကတော့ ကူးစက်သူ ပိုမိုများပြားလာပြီး သေဆုံးမှုတွေကလည်း တဖြေးဖြေး မြင့်တက်လာပါတယ်။အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေဟာ ကုသရင်း ကူးစက်ကာ သေဆုံးမှုတွေရှိနေ

ပါတယ်။ ယခုအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ဖြစ်ပွားနေခဲ့ပြီးတော့ ကူးစက်ထားသူ ၁၃၆၄ ရှိပြီးတော့ သေဆုံး ၄၁ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

၎င်း ဗိုင်းရပ်ကူးစက်နေတဲ့ လူနာတွေကို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ Liang Wudong ဟာလည်း ဗိုင်းရပ်စ်ကူးပြီးတော့ ၉ ရက်အကြာမှာသေဆုံးခဲ့ပါတယ်။ သူဟာဆိုရင် အတော်ဆုံးဆရာဝန်တစ်ဦးဖြစ်ပြီးတော့ အသက်

၆၂ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ဝူဟန်မြို့ကို သွားရောက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့စစ်ဆေးခဲ့ချိန်မှာလည်း လုံလောက်တဲ့ အကွယ်အကွယ် အဝတ်အစား ၊ လက်အိတ်တွေ ဝတ်ဆင်သွားခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ဟာ မျက်လုံးကိုတော့ ဖုံးအုပ်မထားခဲ့တာကြောင့် ဗိုင်းရပ်စ်ဟာ မျက်လုံးကနေ တစ်ဆင့် ကူးနိုင်တယ်လို့ ယူဆရကြောင်း သုံးသပ်နေကြပါတယ်။ ဒါ့အပြင် ဝမ်းပျက် ဝမ်းလျောဖြစ်နေတဲ့ လူနာတစ်ယောက်လည်း အစက ရောဂါ မရှိပဲ ကူးစက်ခံရသူနဲ့ ထိတွေ့မိလိုက်တဲ့ ခနမှာပဲ ဓာတ်မှန်ရိုက်ကြည့်ရာမှာ ရောဂါပိုးကူးစက်သွားတာ အံ့သြစွာ တွေ့ရှိရတယ်လို့ ဝူဟန်တက္ကသိုလ် ဆေးရုံရဲ့ အစာခြေလမ်းကြောင်းပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ ပါမောက္ခ Yu Honggang က ဆင်ဟွာ သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မျက်စိ ၊ ဝမ်းလျော ၊ ဝမ်းပျက်ခြင်းများကပါ ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားကြရမှာဖြစ်ကြောင်း သိရှိရပါတယ်။

Writer – SMT( Shwe Yaung Lan)