ဂဏန်း အရှင်တွေကို အိုးထဲထည့်ပြီး ငံပြာရည်လောင်းပြီး ခွါစားတုန်းက မင်းတို့ အားရပါးရရှိခဲ့တယ်မဟုတ်လား။ စပါးကြီးမြွေတွေကို အရေခွံစုတ်၊ မြွေပွေးမြွေဟောက်တွေကို သည်းခြေထုတ်၊ အရက်နဲ့ စိမ်သောက်တုန်းက မင်းတို့ အားရှိခဲ့ကြတယ်မဟုတ်လား။ အခုလည်း လင်းနို့လို ရောဂါပေါင်းစုံသယ်တဲ့ ရွံစရာကောင်းတဲ့သတ္တဝါကိုတောင် အားရပါးရ စားကြသောက်ကြတုန်းက ရောဂါမဖြစ်ခင်မှာ ဟီးဟီးဟားဟား လုပ်ခဲ့ကြတာပဲလေ။

သတ္တဝါအားလုံးက သေရမယ့်ဘေးကြုံရင် ကြောက်တတ်ကြတာချည်းပဲ။ ကြောက်နေတဲ့သတ္တဝါတွေရဲ့အသားကို အစိမ်းစား သွေးသံရဲရဲမှ အားရှိတာဆိုတဲ့ မင်းတို့လို လူရိုင်း လူယုတ်မာမျိုးတွေကြောင့် မင်းတို့ပဲ တန်ပြန်ခံစား နေရပြီလေ။ မင်းတို့ သတိမထားမိလို့ပါ။ မင်းတို့သတ်စားတဲ့ သတ္တဝါတိုင်းက ကျေကျေနပ်နပ် အသေခံခဲ့တာ တစ်ကောင်မှမရှိဘူး။ အားလုံးက မင်းတို့ငါတို့ နားမလည်တဲ့ မဂဓဘာသာနဲ့ နာနာကြည်းကြည်း ကျိန်ဆိုသွားလို့ မင်းတို့ ငါတို့ရဲ့ ခန္ဓာအိမ်ကြီးမှာ ရောဂါဘယတွေ အမျိုးမျိုး ဖြစ်တည်ကျန်ရစ်ခဲ့ကြတာလေ။

ဆက်စားပါဦး။ မင်းတို့တွေက ကမ္ဘာမှာ အပက်စက်ဆုံးပါးစပ်တွေလေ။ ဆက်စားပါဦး။ မင်းတို့တွေက ကမ္ဘာမှာ အရက်စက်ဆုံးပါးစပ်တွေလေ။ အာဖရိကတိုက်မှာ ………သရမ်းလို့ အေအိုင်ဒီအက်စ် ရောဂါဆိုးကြီး ကမ္ဘာကို ပျံ့နှံ့ခဲ့တယ်။အာရှတိုက်မှာ မင်းတို့ပါးစပ်သရမ်းလို့ နှစ်တိုင်း တိရိစ္ဆာန်တွေဆီက လူကိုကူးတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်အသစ်တွေ ထပ်ထပ်ဖြစ်လာခဲ့တယ်။ အစားတလုပ်ဆိုတာ မစားခင် ဘယ်လောက်ပဲ တန်ဆာဆင်ဆင် အချိန်တန်ရင် ချီးဖြစ်တာပါပဲ။

ချီးဖြစ်တဲ့အခါ ရွှေဆိုင်းချထားတဲ့အစားအစာလည်း ချီးစော်နံတာပါပဲ။ အခုတော့ မင်းတို့ပါးစပ် စည်းကမ်းမဲ့မှုကြောင့် မင်းတို့ဒေသအပါအဝင် အားလုံးဟာ ကပ်ဘေးသင့် ဒုက္ခရောက်ပြီး သေကြေပျက်စီးကုန်ပြီ။ အကယ်၍များ အသက်ရှင်ခွင့်ရခဲ့ရင် အဟာရဖြစ်ရုံကလွဲလို့ ပါးစပ်ထဲ မသာမချဖို့ အသိတရားလေး ဝင်နိုင်ကြပါစေလို့။

Crd- Syg Syg