Life Style Blogger တစ်ယောက် အဖြစ် ရပ်တည်နေ တဲ့ ဝင်းမင်းသန်းကို တော့ Facebook သုံးစွဲသူ အမျိုးသမီးတွေကြားမှာ မသိနည်းပါးလောက်ပါတယ်။ အခုတလောမှာလည်း သူ့ရဲ့ Video လေးတစ်ခုကလည်း အွန်လိုင်းသုံးစွဲသူတွေကြားမှာ အတော်ကို ရေပန်းစားလို့နေပါတယ်။ သူနဲ့ မီဒီယာတွေနဲ့ အင်တာဗျူုးတစ်ခုမှာသူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။

အပျိုကြီးတွေဘက်က ရပ်တည်ခဲ့တဲ့ အကြောင်းကိုလည်း “ အဲ့ဒါကတော့ အစ်မလေ အစ်မက အပျိုကြီးဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အစ်မပျိုကြီးတွေဘက်က ရပ်တည်တယ်။ အပျိုကြီးဆိုတာကို ဝိုင်းဝန်းပြီးတော့ ပြောကြတဲ့ လူအများစုရှိတယ်။ အဲ့ဒီလိုဟာတွေကိုလည်း အစ်မက အစ်မလိုမျိုးယုံကြည်ချက်နဲ့ ရပ်တည်နေတဲ့ လူနည်းစု အပျိုကြီးတွေရှိမယ် ။ ဒီအတွက်ပဲရပ်တည်တာပါ အစ်မက ဆိုရှယ်မီဒီယာမှာ နေတာကြာပါပြီ ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးတော့ နာမည်ကြီးအောင်လုပ်စရာမရှိတော့ပါဘူး ။”ဆိုပြီးပြောပြသွားပါတယ်။

အရမ်းချစ်တဲ့ ချစ်သူနဲ့ ကွဲခဲ့တယ် ဆိုတဲ့ ဝင်းမင်းသန်း
ဆက်လက်ပြီးတော့လည်း ” အမှန်တိုင်းပြောရရင် အစ်မချစ်ခဲ့တယ် အစ်မ ဗမာပြည်ကို ပြန်လာတဲ့ အတွက်ကြောင့်မို့လို့ အစ်မအရမ်းချစ်တဲ့ ချစ်သူနဲ့ ကွဲခဲ့တယ် ကွဲခဲ့တဲ့အတွက်ကြောင့်လည်း အစ်မမှာ မိဘကျောထောက်နောက်ခံ ဘာမှမရှိဘူး ။ အစ်မသုညတောင်မဟုတ်ဘူး Negative ဘဝကနေ ပြန်စရတယ် ။ ပြန်စရတဲ့အတွက် အစ်မမှ။ အချစ်ရေးက အရမ်း အရေးမကြီးဘူး အစ်မမှာ အလုပ်အရမ်းရှုပ်တဲ့အတွက် အစ်မမှာဝါသနာတွေလည်းရှိတယ် ခရီးသွားရတာတွေလည်းရှိတယ် ၊ အစားသောက်တွေလည်းစားတယ် အကုန်လုံးလုပ်နေတ။ ဖြစ်တဲ့အတွက် အစ်မမှာ အချစ်အတွက်အချိန်မပေးနိုင်တာတစ်ခုပါပဲ ။ ချစ်တတ်ခဲ့ပါတယ် ၊ ဒီအချစ်အတွက်လည်း ဂုဏ်ယူခဲ့ပါတယ်

ကိုယ့်အတွက်လည်း အရမ်းကို တန်ဖိုး ထားတဲ့ ကိုယ့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူတစ်ယောက်ရခဲ့လို့ ကိုယ့်ကိုယ့်ကိုယ်လည်း အရမ်းကိုဂုဏ်ယူပါတယ် ကျေးဇူးတင်ပါတယ် ဒီချစ်သူအတွက်ကို ယောက်ျားကောင်းတစ်ယောက်ကနေ မိန်းမကောင်းတစ်ယောက်ကိုဘယ်လို တန်ဖိုးထားတယ် ဆိုတာ သိခဲ့ရတယ် ဆိုပြီး ပြောပြခဲ့ ပါတယ် ။