ကွတ်ခိုင်မြို့နယ် ဟွေခုတ်ရွာမှာ မူလတန်းပြ ကျောင်းဆရာမအဖြစ် ၄ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လွေးမြမွှေးအောင်ရဲ့ နောက်ဆုံးခရီးစဉ်ဘဲ ဖြစ်ပါတယ်။

သူမဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ညပိုင်း ၇ နာရီခွဲလောက်မှာ သေနတ်သမား တစ်ဦးက သူမ နေထိုင်တဲ့ ဟွေခုတ်ကျေးရွာထဲက နေအိမ်အတွင်း ဝင်လာပြီး ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။

သေနတ်သမားက လွေးမြမွှေးအောင်ရဲ့ ဘယ်ဘက်ပါးနဲ့ ဘယ်ဘက် နားထင်ကို အနီးကပ် ပစ်သတ်သွားတာ ဖြစ်ပါတယ်။ဖြစ်စဉ် အသေးစိတ်ကို ထပ်မံရေးသားသွားပါမယ်။

U Ba Nyan