ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ မိုးညႇင္းၿမိဳ႕နယ္ ေညာင္ကုန္းေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္း (ခြဲ)တြင္ ေ႐ႊ(၂)က်ပ္သားဆြဲႀကိဳးေကာက္ရထားၿပီး ပိုင္ရွင္ထံျပန္လည္ေပးအပ္ခဲ့ေသာေက်ာင္းသားတစ္ဦးကို အေကာင္းဆုံးစာရိတၱဆုခ်ီးျမႇင့္ေပးခဲ့ေၾကာင္းသိရသည္။

ယင္းဆုကို ဇန္နဝါရီလ၂၄ရက္ေန႔က မိုးညႇင္းၿမိဳ႕နယ္ ေညာင္ကုန္းေက်း႐ြာ အေျခခံပညာအထက္တန္း ေက်ာင္း (ခြဲ)တြင္ျပဳလုပ္သည့္ ၂၀၁၉/၂၀၂၀ ပညာသင္ႏွစ္ပညာရည္ခြၽန္ဆုေပးအပ္ပြဲႏွင့္ ပညာေရးစုံညီပြဲေတာ္၌ ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

အခုလိုျပဳလုပ္ေပးရသည္မွာ ႐ိုးသားသည့္ဂုဏ္ကိုျမႇင့္တင္ျခင္းႏွင့္ အျခားသူမ်ားအတုယူေလးစားအားက်လာႏိုင္ေစရန္အတြက္ရည္႐ြယ္ၿပီး အေကာင္းဆုံးစာရိတၱဆုကို ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္ျခင္းျဖစ္ေၾကာင္း ဆရာေဒၚသန္းေထြးမွေျပာသည္။

အဆိုပါေက်ာင္းသားမွာ နန႔္လႈိင္စာထားေက်း႐ြာေန ဖခင္ဦးေက်ာ္ထြန္း မိခင္ေဒၚျဖဴျဖဴဝင္းတို႔၏သား ေမာင္ေနလင္းထြန္း ျဖစ္ၿပီး ေညာင္ကုန္းေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) သတၱမတန္းတြင္ပညာသင္ယူေနေၾကာင္းသိရသည္။

အလႉပြဲမွေကာက္ရသည့္ေ႐ႊဆြဲႀကိဳးကို မိဘမွတစ္ဆင့္ ေ႐ႊဆြဲႀကိဳးပိုင္ရွင္ဆရာမထံျပန္ေပးခဲ့သည္ဟု ေမာင္ေနလင္းထြန္းကေျပာသည္။

“ဆရာမထိုင္တဲ့ ခုံေအာက္မွာေတြ႕လို႔ သားရဲ႕မိဘေတြကိုအပ္ၿပီးေတာ့ ဆရာမကိုျပန္ေပးခဲ့တာပါ” ဟု(သတၱမတန္း) G -7 ေက်ာင္းသားေမာင္ေနလင္းထြန္းကေျပာသည္။

အဆိုပါေ႐ႊဆြဲႀကိဳးကို ၂၀၁၉ခုႏွစ္မတ္လအတြင္းနန႔္လႈိင္စာထားေက်း႐ြာ၌ျပဳလုပ္သည့္ အလႉပြဲတစ္ခု၌ ေကာက္ရခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါေ႐ႊဆြဲႀကိဳးကို ၂၀၁၉ခုႏွစ္မတ္လအတြင္းနန႔္လႈိင္စာထားေက်း႐ြာ၌ျပဳလုပ္သည့္ အလႉပြဲတစ္ခု၌ ေကာက္ရခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Source – peoplemedia #ျမစ္ဖ်ားဧရာ #မိုးညႇင္း

unicode version

ရွှေနှစ်ကျပ်သားဆွဲကြိုးကောက်ရပြီး ပိုင်ရှင်ထံပြန် လည်ပေးအပ်ခဲ့သော ကျောင်းသား တစ်ဦးကို အကောင်းဆုံးစာရိတ္တဆုချီးမြှင့်ပေးခဲ့

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ရွှေ(၂)ကျပ်သားဆွဲကြိုးကောက်ရထားပြီး ပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့သောကျောင်းသားတစ်ဦးကို အကောင်းဆုံးစာရိတ္တဆုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ယင်းဆုကို ဇန်နဝါရီလ၂၄ရက်နေ့က မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ)တွင်ပြုလုပ်သည့် ၂၀၁၉/၂၀၂၀ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်၌ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခုလိုပြုလုပ်ပေးရသည်မှာ ရိုးသားသည့်ဂုဏ်ကိုမြှင့်တင်ခြင်းနှင့် အခြားသူများအတုယူလေးစားအားကျလာနိုင်စေရန်အတွက်ရည်ရွယ်ပြီး အကောင်းဆုံးစာရိတ္တဆုကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း ဆရာဒေါ်သန်းထွေးမှပြောသည်။

အဆိုပါကျောင်းသားမှာ နန့်လှိုင်စာထားကျေးရွာနေ ဖခင်ဦးကျော်ထွန်း မိခင်ဒေါ်ဖြူဖြူဝင်းတို့၏သား မောင်နေလင်းထွန်း ဖြစ်ပြီး ညောင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သတ္တမတန်းတွင်ပညာသင်ယူနေကြောင်းသိရသည်။

အလှူပွဲမှကောက်ရသည့်ရွှေဆွဲကြိုးကို မိဘမှတစ်ဆင့် ရွှေဆွဲကြိုးပိုင်ရှင်ဆရာမထံပြန်ပေးခဲ့သည်ဟု မောင်နေလင်းထွန်းကပြောသည်။

“ဆရာမထိုင်တဲ့ ခုံအောက်မှာတွေ့လို့ သားရဲ့မိဘတွေကိုအပ်ပြီးတော့ ဆရာမကိုပြန်ပေးခဲ့တာပါ” ဟု(သတ္တမတန်း) G -7 ကျောင်းသားမောင်နေလင်းထွန်းကပြောသည်။

အဆိုပါရွှေဆွဲကြိုးကို ၂၀၁၉ခုနှစ်မတ်လအတွင်းနန့်လှိုင်စာထားကျေးရွာ၌ပြုလုပ်သည့် အလှူပွဲတစ်ခု၌ ကောက်ရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါရွှေဆွဲကြိုးကို ၂၀၁၉ခုနှစ်မတ်လအတွင်းနန့်လှိုင်စာထားကျေးရွာ၌ပြုလုပ်သည့် အလှူပွဲတစ်ခု၌ ကောက်ရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Source – peoplemedia #မြစ်ဖျားဧရာ #မိုးညှင်း