ဆယ် လီကမ္ဘာပရိသတ်ကြီးရေ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က လူမှုကွန်ရက်စာမျက်နှာထက်မှာ အဆိုတော်ချယ်ရီသင်းရဲ့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်”သီချင်းလေးကို သီဆိုပြီး အလှူခံနေခဲ့တဲ့ မျက်မမြင်အမတစ်ယောက်ရဲ့ ဗီဒီယိုကို ကြည့်ရှုလိုက်ရမယ်ထင်ပါတယ်။ကောင်းမွန်လှတဲ့အသံပါဝါနဲ့ စည်းချက်ညီလှတဲ့သီဆိုမှုတွေကြောင့် လူမှုကွန်ရက်စာမျက်နှာထက်မှာ တော်တော်လေးကို နာမည်ကြီးပြီး လူတော်တော်များများက သဘောကျနေခဲ့ကြတာပဲဖြစ်ပါတယ်။

သီချင်း ရဲ့မူရင်းပိုင်ရှင်ဖြစ်တဲ့ အဆိုတော်ချယ်ရီသင်းကိုယ်တိုင်ကလည်း ဒီအစ်မရဲ့ သီဆိုမှုကို သဘောကျနှစ်သက်နေခဲ့ပြီး သဘောကျနှစ်သက်မိကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့ပါသေးတယ်။ဒီနေ့မှာတော့ ချယ်ရီသင်းက သူ့ရဲ့ သီချင်းကို သီဆိုတဲ့မျက်မမြင်အမကို ဆက်သွယ်ခဲ့ပြီး အမနဲ့အတူတူသီဆိုဖျော်ဖြေကာ အတူတူအလှူခံပေးသွားဖို့ရှိတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။

“ချယ်ရီ ချယ့်သီချင်းဆိုတဲ့ဟိုအမကြီးနဲ့အဆက်အသွယ်ရပါပြီ။(၂၇)ရက်နေ့ ည(၇)နာရီ (၁၉)လမ်းမှာ ချယ်အသံအားနဲ့အဲ့အမနဲ့အတူအလှူခံပေးပါမယ်ကွယ်။အားလုံးကိုကျေးဇူးပါကွယ်။”ဆိုပြီး ပရိသတ်တွေကို အသိပေးပြောကြားထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ချယ်ရီသင်းရဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေးကတော့ လေစားအတုယူစရာကောင်းလှပါတယ်နော်။

Source – Cherry Thin
Credit CeleGabar