ဝူ ဟန်မြို့က ကြောက်မက်ဖွယ် Corona ဗိုင်းရပ်စ်ပိုးကတော့ ကမ္ဘာတစ်ဝန်းကို အလျင်အမြန်ပဲ ကူးစက်ပျံ့နှံ့လာခဲ့ပါပြီပဲဖြစ်ပါတယ်။ဒီ Corona Virus ဟာ လူလူချင်းကူးစက်နိုင်သလို ကူးစက်နှုန်းမြန်ဆန်လှတာကြောင့် ထိန်းချုပ်ရခက်ခဲနေတာဖြစ်ပြီးလက်ရှိတရုတ်ပြည်မှာတော့ မြို့ကြီးဆယ်မြို့နဲ့အထက် ကို သတိပေးမှုအဆင့် အမြင့်ဆုံးထားကာ ထိန်းချုပ်နေရတာပါ။ယခုနောက်ဆုံးရသတင်းတွေအရ မြန်မာတရုတ်နယ်စပ် ရွှေလီအထိ ဒီရောဂါဟာ ကူးစက်လာခဲ့ပြီလို့ သိရတာကြောင့်

မြန်မာနိုင်ငံကြက်ခြေနီအသင်းကထုတ်ပြန်ထားတဲ့ ဆောင်ရန်ရှောင်ရန်အချက်အလက်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ရပါတယ်။

လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာ ဆေးပေးပါ။
-မသန့်သော လက်ဖြင့် မိမိ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် များကို ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။
-ဖျားနာနေသောလူနာများနှင့် ဝေးဝေးနေပါ။

-လူထူထပ်သော နေရာများကိုရှောင်ပါ။
-အပြင်သွားတိုင်း လုံခြုံစိတ်ချရသည့် နှာခေါင်းကာ (Mask) များတပ်ဆင်ထားပါ။
-ရေများများသောက်ပါ။

-ဗီတာမင်စီကြွယ်ဝသော အစားအစာ သို့မဟုတ်ဗီတာမင်စီပါသော ဆေးရည် သောက်သုံးနိုင်သည်။
-ရောဂါကူးဆက်ခံထားရသည့် လူနာ ထိတွေ့ထားသည့် အဝတ်များ၊ အိပ်ယာခင်းများ ခေါင်အုံးများ လက်ကိုင်ပဝါ စတာတွေကို မီးရှို့ဖျက်ဆီးပါ။
-တိရစ္ဆာန်များနှင့် အကာအကွယ်မရှိပဲ တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

Corona ဗိုင်းရပ်စ်ဟာကြောက်စရာကောင်းတဲ့ ရောဂါပိုးတစ်ခုဖြစ်တာကြောင့် ဖြစ်ပွားကူးစက်မှုမရှိသေးခင်မှာ ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးလှပါတယ်။

ယခုအခါမှာ ကျန်းမာရေးဝန်ကြီးဌာနဟာလည်း အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်ထားတာမို့ မြန်မာပြည်ကိုကူးစက်လာခဲ့ရင်တောင်ပြန့်ပွားမသွားအောင် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ရပါတယ်နော်။ပရိသတ်ကြီးမြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ကာကွယ်ရေးအချက်အလက်တွေအတိုင်း သတိထားနေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Credit Shwe Yaung Lan)