အေ မရိကန်နိုင်ငံတွင် ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ခံထားရသည့် ဒုတိယမြောက် လူနာကို တွေ့ရှိခဲ့ကြောင်း အမေရိကန် CDC က ဇန်နဝါရီ ၂၄ တွင် အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ မှ အသက် ၆၀ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာ ဝူဟန်မြို့ သို့ဒီဇင်ဘာလနှောင်းပိုင်းက သွားရောက်ခဲ့ကာ အမေရိကန်သို့ ဇန်နဝါရီ ၁၃ တွင် ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါအမျိုးသမီးမှာ ၁၁ ရက် ကြာမြင့်ပြီးမှဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လက္ခဏာများပြလာခဲ့သလို ဗိုင်းရပ်စ်ကူးစက် ခံထားရသည်ကိုလည်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ဗှိုင်းရပ်စ်တွေ့သည့် ဒုတိယမြာက်လူနာကို သီးသန့်ထားရှိကုသနေသလို အမေရိကန် တစ်နိုင်ငံလုံးရှိ ပြည်နယ်များအနက်မှ ၂၃ ပြည်နယ်တွင် သံသယရှိသူ ၆၃ ဦးကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှု ရှိမရှိ စစ်ဆေးနေသည်ဟုလည်း သိရသည်။

အမေရိကန်တွင် ဝူဟန်ဗိုင်းရပ်စ်တွေ့ရှိသည့် ပထမဆုံးလူနာမှာ ဝါရှင်တန်မှ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သည်။ ၎င်းကို Everett ရှိဆေးရုံတွင် ဇီဂပိုးသတ်ထားပြီးသား ပေ ၂၀ ပတ်လည်အခန်းတွင်း၌ သီးသန့်ထားရှိကာ အဆင့်မြင့်နည်းပညာသုံး Robot ဖြင့်ကုသပေးနေသည်။

ဗိုင်းရပ်စ်ထပ်မံ မပျံ့ ပွားရန်နှင့် ကျန်းမာရေး ဝန်ထမ်းများသို့လည်း မကူးစက်နိုင်စေ ရန်ကြားခံအဖြစ် ဆရာဝန်သုံးနားကြပ်၊မိုက်ကရိုဖုန်း၊ ကင်မရာများတပ်ဆင် ထားသည့် Robot ကိုအသုံးပြုကုသနေခြင်းဖြစ်သည်။ လူနာ၏အမည်ကို မဖော်ပြသော်လည်း အခြေအနေမှာ အားရစရာကောင်းသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ နှံ့မှုမှ ကာကွယ်နိုင်ရန် အမေရိကန်အစိုးရက (Level 4) အဆင့်-၄ အဖြစ် ခရီးမသွားရ သတိပေးချက်ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားနှင့် အီရန်တို့ကဲ့သို့နေရာများသို့မသွားရန် သတိပေးသည့် အဆင့်နှင့်တူညီသည်ဟု သိရသည်။

Ref – DM
Credit- Blacker