ဂူ ဟန်ကိုရိုနာဗိုင်းရပ်စ်အဓိက စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်ထဲက ဆရာဝန်တစ်ဦး ဒီဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသွားခဲ့တဲ့အကြောင်း Channel News Asia သတင်းဌာန ဆိုပါတယ်။

ဟူဘေးဆင်ဟွာဆေးရုံမှာရှိတဲ့ အဲဒီဆရာဝန်ဟာ အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ဂူဟန်မြို့မှာ အဲဒီဗိုင်းရပ်စ်ကူး စက်ခံရတဲ့လူနာတွေကုသရေးအနီးကပ်တာဝန်ယူနေတဲ့ဆရာဝန်တစ်ဦးဖြစ်ပြီးတော့ သူကိုယ်တိုင် ဂူဟန်ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ တရုတ်နိုင်ငံတွင် ဆရာဝန်တစ်ဦးအပါအ၀င် စုစုပေါင်း ၄၁ ဦးသေဆုံးခဲ့ကာ လူဦးရေ ၁၃၀၀ နီးပါး ကူးစက်ခံထားရသည်ဟု သိရသည်။ စုစုပေါင်း သေဆုံးသူ ၄၁ ဦးမှာ တရုတ်နိုင်ငံမှာချည်းဖြစ်သည်။ ဗိုင်းရပ်စ်တွေ့တဲ့လူနာ အများစုကတော့ ဟူဘေးပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ ဟူဘေးပြည်နယ်ထဲက ဝူဟန်မြို့အပါအဝင် အခြား မြို့ပေါင်း ၁၃ မြို့ကို ကူးလူးသွားလာမှု ပိတ်ထားပြီလည်းဖြစ်ပါတယ်။

ဗိုင်းရပ်စ်မှာ ဥရောပ နှင့် တောင်အာရှ နိုင်ငံများသို့ ပျံ့နှံ့ခဲ့ပြီး ဇန်န၀ါရီ ၂၅ မနက် ၁၀ နာရီထိရရှိထားသော သတင်းများအရ ထိုင်း၊ ပြင်သစ်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်၊ မကာအို၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဗီယက်နမ်၊ သြစတေးလျ၊ နီပေါ၊ ထိုင်ဝမ် စသည့်နေရာများသို့ ပျံ့နှံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်မူ ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခြင်းမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။

Credit – Blacker