ပရိ သတ်ကြီးရေ စည်ဖြိုးကတော့ အထူးတလည်ပြောပြနေစရာမလိုလောက်တဲ့ထိ အောင်မြင်တဲ့အနုပညာရှင်တစ်လက်ပဲ ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ပြီး ပရိသတ်တွေ သဘောကျအားပေးရတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးဆိုလည်းမမှားပါဘူးနော်။

မိန်းကလေးပရိသတ်တွေအပြင် အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့အသွင်အပြင်တွေကြောင့် ယောကျာ်းလေးပရိသတ်တွေပါ အားကျဝန်းရံခြင်းခံရတဲ့ အနုပညာရှင်တစ်ဦးပါနော်။ စည်ဖြိုးရဲ့အချစ်ရေးကတော့ မော်ဒယ်လ်မင်းသမီးချောလေး ခင်လွှမ်းနဲ့ ဆိုတာ ပရိသတ်တွေလည်း သိရှိပြီးသားပါ။

အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ကာ ပရိသတ်တွေအားကျ ချစ်ခင်ရတဲ့ အနုပညာစုံတွဲတွေထဲက တစ်တွဲပဲ ဖြစ်ပါတယ်။ တစ်ယောက်က်ုတစ်ယောက်နားလည်မှုတွေနဲ့ လက်တွဲဖေးမကာ အေးချမ်းသာယာတဲ့ ချစ်သူစုံတွဲဘဝကိုပိုင်ဆိုင်ထားကြတာအမှန်ပါပဲပရိသတ်ကြီးရေ။ လက်ရှိမှာတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကာ တရုတ်ရိုးရာဝတ်စုံလေးတွေဝတ်ပြီး ” Gong Xi Fa Cai ..Happy Chinese New Year …ကောင်းကျိုးလိုရာပြည့်စုံပြီး ကိုယ်စိတ်နှစ်ပါး..ကျန်းမာချမ်းသာ ငြိမ်းအေးကြပါစေ ..ကျန်းမာ ချမ်းသာ ချစ်ကြပါ ”

ချစ်တဲ့ပရိသတ်ကြီးကို ဆုတောင်းပေးကာ ချစ်စရာ ကောင်းလှတဲ့စုံတွဲပုံလေးတွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော စည်ဖြိုးနဲ့ခင်လွှမ်းတို့စုံတွဲပုံတွေကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။