နိုင် ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးကြတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။

အ သက်(၆)နှစ်လောက်ငယ်တဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးက ဇနီးလေး ရွှေမှုံရတီ မျက်နှာမညှိုးရအောင် အမြဲပျော်ရွှင်စေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ရွှေထူးက ရှုတင်သွားတော့မယ့် ဇနီးလေးနဲ့ ဓာတ်ပုံရိုက်ပြီး အခုလိုပဲ ပြောပြထားပါတယ်။

ရွှေထူးက “ဒီနေ့ကံကောင်းတယ်… ဆံပင် သွားညှပ်ခါနီး ချစ်မရွှေမှုံနဲ့တွေ့ခဲ့တယ်… အပြင်မှာပိုလှတယ်… selfie ရိုက်ခွင့်ပေးတါကျေးဇူးပါဗျ… အားပေးနေပါတယ်နော် 😁” ဆိုပြီး ဇနီးလေးကို စနောက်ထားပါတယ်။

ရွှေမှုံရတီက ရွှေထူးရဲ့အပြောကို သဘောကျနေတာတောင် ” အစ်မကို နယ်မြို့လေးတစ်မြို့က အားပေးနေတဲ့ ကိုလူဆိုးတစ်ယောက်လို့ မှတ်ထားပေးပါဗျာ” ဆိုပြီး စနောက်ထားပြန်ပါသေးတယ်။

ရွှေထူးလို ပျော်ပျော်နေတတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ရွှေမှုံရတီကတော့ ပျင်းရမှာမဟုတ်ဘူးနော်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့အဖြစ်လေးကို သဘောကျကြမယ် ထင်ပါတယ်။

Rowena
Source: Shwe Htoo’s fb