Erika Karata ဆိုတဲ့ ဂျပ န်လူ မျိုးသရုပ်ဆောင်မင်းသမီးကို ပြီးခဲ့တဲ့နှစ်တုန်းက နာမည်ကြီးခဲ့တဲ့ Arthdal Chronicles ဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေကတော့ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ သတိထားမိခြင်းကို ရရှိခဲ့တဲ့ သူမရဲ့ လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေကတော့ တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံအတွင်းက ပရိသတ်တွေကို အကြီးအကျယ်ထိတ်လန့်သွားစေခဲ့ပါတယ်။

အဲဒါကတော့ သူမဟာ အိမ်ထောင်ရှိသရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ကြောင်းကို သူမကိုယ်တိုင်ဝန်ခံလိုက်တဲ့ သတင်းပါပဲ။ ထွက်ရှိလာတဲ့သတင်းတွေမှာတော့ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့သူမဟာ အသက် ၃၁ အရွယ် အိမ်ထောင်သည် ဂျပန်လူမျိုးသရုပ်ဆောင်မင်းသားဖြစ်တဲ့ Masahiro Higashide နဲ့ ဖောက်ပြန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် Erika Karata ဟာ အသက်တောင်မပြည့်သေးဘူးလို့လည်း သိရပါတယ်။

ဒီသတင်းထွက်ပေါ်လာချိန်မှာတော့ ပရိသတ်တွေအနေနဲ့ အလွန်အမင်း စိတ်ပျက်ဒေါသထွက်ခဲ့ရပြီး Erika Karata ကိုလည်း အပြစ်တင်ဝေဖန်ခဲ့တာကြောင့် သူမရဲ့အေဂျင်စီကတော့ တောင်းပန်ကြောင်းစာထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း သူမရဲ့အားနည်းချက်တွေ၊ အသိဥာဏ်နည်းပါးမှုတွေနဲ့ ကလေးဆန်မှုတွေကို ၀န်ခံပြီး ရင်ဆိုင်လိုကြောင်း အေဂျင်စီကနေတဆင့်ဖော်ပြခဲ့ပါတယ်။

သူမနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့ သရုပ်ဆောင် Masahiro Higashide ကတော့ သူ့ရဲ့ မိသားစုအခြေအနေကို ပုံမှန်အတိုင်းပြန်လည်ရရှိအောင် ကြိုးစားပြီး အနုပညာအလုပ်တွေကို သေချာပြန်လည်လုပ်ကိုင်သွားမှာဖြစ်ကြောင်း အေဂျင်စီကနေ အသိပေးဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ Erika Karata နဲ့ Masahiro Higashide တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Asako I & II မှာ တွေ့ဆုံပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို့ ဂျပန်သတင်းမီဒီယာတွေကနေ ဖော်ထုတ်ပြခဲ့ပါတယ်။

Ref : Koreaboo
Mia (Momolay)