ရုပ်ရှ င်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တာတွေမရှိသေးတဲ့ ပရိသတ်အချစ်တော် နိုက်တင်ဂေးမလေး နီနီခင်ဇော်တစ်ယောက် ဒီတစ်ခေါက်မှာတော့ သူမရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဂီတနဲ့ပက်သက်တာတွေလည်း အများအပြားပါဝင်ပြီး ဒီဇာတ်ကားမှာ ပါဝင်မယ့်တေးသီချင်းတွေဟာ သူမအချိန် (၂)နှစ်ယောက်ယူပြီး ပြင်ဆင်ခဲ့ရတာတွေဖြစ်ပါတယ်။ ဒီသီချင်းတွေကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ အသံစတင်သွင်းခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ အဆိုပိုင်းတင်မက ကကွက်တွေပါ တိုက်နေရပြီဖြစ်ပြီး မင်းသားကတော့ ပျိုပျိုအိုအို အားလုံးရဲ့ အသည်းကျော်လေး လူပျိုကြီးကိုနေတိုးပဲဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို အမြဲတမ်း ပီပြင်ပိုင်နိုင်အောင် သရုပ်ဖော်နိုင်ခဲ့တဲ့ စွယ်စုံရမင်းသားနဲ့ သံစဉ်ပေါင်းများစွာကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ အဆိုရှင်မလေးတို့နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုဇာတ်ကားကတော့ ရင်ခုန်ချင်စရာပါပဲ။

နှစ်ယောက်သား အကတိုက်နေကြပြီဖြစ်ပြီး ပရိသတ်တွေကတော့ ရင်ခုန်ချင်စရာကောင်းတဲ့ ဒီဇာတ်ကားအတွက် ကြိုပြီးမျှော်လင့်နေကြပါပြီ။

ဒီဇာတ်ကားကြီးကို မကြာခင်စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ဇာတ်ကားလိုအပ်ချက်အတွက် အနုပညာရှင်တွေရဲ့ ရိုက်ကွင်းနောက်ကွယ်က ကြိုးစားမှုပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။