လ တ်တလော ဖေ့စ်ဘွတ်မှာ ရေပန်းအစားဆုံးကတော့ ပြည့်ဖြိုးတေဇ မင်္ဂလာဆောင်နဲ့ လိမ္မော်သီးသည် ဘဘ အကြောင်းပဲ ဖြစ်ပါတယ်။ စည်ပင်ဝန်ထမ်းက လိမ္မော်သီးတွေကို ထုချေပစ်ပြီး ဖျက်ဆီးလိုက်လို့ အားလုံးရဲ့ ဒေါသက အုံကြွနေချိန်မှာ ဈေးသည်အဘရဲ့ ဘဝအခြေအနေကို အိမ်တိုင်ရာရောက် ဖော်ပြပေးလိုက်တဲ့ ရွှေပိုးအိမ်ကြောင့် ကရုဏာ ပိုခဲ့ရတာ ဖြစ်ပါတယ်။

အင်တာနက်သုံးစွဲသူတွေရဲ့ တောင်းဆိုမှုနဲ့ အတူ စည်ပင်ဝန်ထမ်း (၃) ဦးကို အရေးယူ သွားမယ်ဆိုတဲ့ သတင်းဆောင်းပါးတွေ တက်လာတဲ့အပေါ် ရွှေပိုးအိမ်ရဲ့ သဘောထားကိုတော့ ခုလို ကြားသိရပါတယ်။“အဘမှာ ကျန်းမာရေးမကောင်းတဲ့ သမီးလေး ရှိနေတယ်။ အိမ်ရဲ့ အခြေအနေကို ကြည့်တော့လည်း ရင်ထဲမကောင်းသလို အရမ်းကို နိုင့်ထက်စီးနင်း လုပ်ခံရတာ မြင်တော့ ရင်ထဲစို့တယ်။ အဘအိမ်ကို လိုက်သွားပြီး ညီမလေးကို လိုက်ကြည့်မိတဲ့အချိန်မှာ ဝမ်းနည်းပြီး ငိုမိတယ်ပေါ့နော်။ အဘက ဘယ်လောက်ထိ လေးစားဖို့ ကောင်းလည်းဆိုရင် အဘကြောင့် အခြားဈေးသည်တွေ ဒုက္ခ ရောက်သွားမှာကို စိုးရိမ်တာပဲ ဆိုပြီး ငိုတော့ ရွှေပိုးလည်း ဝမ်းနည်းမိတယ်။

စည်းကမ်းအရ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး ဈေးဗန်းတွေကို ခြေထောက်နဲ့ ကန်တယ်။ အရင်းအနှီးတွေကို မျက်စိရှေ့မှာတင် ထိုင်ခိုင်းပြီး ထုခွဲပစ်လို့ ရှုတ်ချတာပါ။ ဗီဒီယိုမှာပါတဲ့ စည်ပင်ဝန်ထမ်း (၃) ယောက်ကို အရေးယူမယ်လို့ ကြားပါတယ်။ ဒါပေမဲ့ ရွှေပိုး ပြောချင်တာကတော့ ထုချေတဲ့ စည်ပင်အစ်ကိုကြီးက အထက်လူကြီး ခိုင်းလို့ လုပ်တာပါ။ သူ့စိတ်ထဲမှာ လုပ်ချင်မှ လုပ်မှာဆိုတော့ သူ့ကို အပြစ်ပေးဖို့ မလိုအပ်ပါဘူး။ သူ့ကို ခိုင်းတဲ့ အထက်အရာရှိကိုပဲ အပြစ်ပေးစေချင်ပါတယ်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လူမဆန်တဲ့ လုပ်ရပ်ကို ဘယ်ဈေးသည်ကိုမှ မလုပ်စေချင်ပါဘူး။”ဗီဒီယို အတု မဟုတ်သလို ရန်တိုက်ထားတာ လည်း မဟုတ်ပါဘူး။ ဒါက လုပ်ဇာတ်လည်း မဟုတ်ပါဘူး။ စည်ပင်နဲ့ ဈေးသည်ကြားမှာ ပြသနာက အရင်တည်းက ရှိခဲ့တာပါ။ နှစ်ဦးနှစ်ဖက် မှာ အပြစ်ရှိပေမဲ့ အာဏာကို ကျော်ပြီး နိုင်ထက်စီးနင်း လုပ်တာမျိုးပဲ မဖြစ်စေချင်တာပါ။ မရောင်းရဘူးဆိုတဲ့ နေရာမှာ သွားမရောင်းကြဖို့လည်း ဈေးသည်တွေကို မေတ္တာရပ်ခံပါတယ်။ စည်ပင်ဆိုတာ ပြည်သူအကျိုးဆောင်ဖြစ်လို့ နောက်ထပ်ဒီလိုမျိုးလေးတွေ မလုပ်ဖို့ အတွက်လည်း တောင်းခံချင်ပါတယ်။” ဆိုပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လိမ္မော်သီးသည် အဘဆီ အလှူရှင်တွေ တဖွဲဖွဲ ရောက်ရှိလာနေပေမဲ့ လိမ္မော်သီးတွေ ထုချေပစ်လိုက်တဲ့ စည်ပင်ဝန်ထမ်းကတော့ အထက်က အပြစ်ပေးတာ ခံနေရပြီ ဖြစ်ပါတယ်။

Credit