မြန်မာပ ရိသတ်တွေ မချစ်ပဲ မနေနိုင်တဲ့ Sinon Loresca က သူ့ရဲ့ ဘဝကို အကောင်းဆုံးနဲ့ အရိုးရှင်းဆုံးသာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း သူဝါသနာပါရာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မြန်မာပြည်သူ၊ပြည်သားတွေက Sinon ကို ပရဟိတသူရဲကောင်းကြီးလို့ အမည်ပေးထားကြတာ ဖြစ်ပါတယ်။

Sinon Loresca က အကူအညီ လိုအပ်နေတဲ့ နေရာမှန်သမျှကို အရောက်သွားနိုင်တဲ့ သူရဲကောင်းတစ်ယောက်ပီပီ ဘယ်နေရာမဆို သူကိုယ်တိုင်သွားပြီး အများအကျိုးကို သယ်ပိုးသူတစ်ယောက်ပါ။

Sinon Loresca က မနေ့က ဇန်နဝါရ်ီလ (၂၄) ရက်နေ့မှာတော့ လမ်းဘေးမီးပွိုင့်တွေမှာ စံပယ်ပန်းရောင်းတဲ့ ကလေးလေးတွေကို ကူပြီးဈေးရောင်းပေးခဲ့တာကို တွေ့ရှိရပါတယ်။

Sinon Loresca ကြောင့် ကလေးတွေလည်း ပျော်ရွှင်ရသလို မီးပွိုင့်မိတဲ့ကားတွေကလည်း Sinon ကို ချစ်ခင်စွာနဲ့ စံပယ်ပန်းတွေဝယ်ပြီး အားပေးကြပါတယ်။

Sinon Loresca ကတော့ တော်ရုံလူမလုပ်နိုင်တာတွေကို လုပ်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon Loresca ရဲ့ ကောင်းမှူလေးကို သာဓုခေါ်ပေးကြဦးနော်။