နိုင် ငံကျော် Beauty Blogger လည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ နေခြည်ဦးကို ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ နေခြည်ဦးက အချိန်လေးနှစ်တာအချိန်အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးကို ပရိသတ်အများအပြားက ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

ဒီ ကနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ နေခြည်ဦးရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ မွေးနေ့ကို မိခင်ဖြစ်သူရဲ့ဇာတိ မွန်ပြည်နယ်မှာ အလှူသွားလုပ်နေတာ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ မွေးနေ့အလှူအဖြစ် မွန်ပြည်နယ် ဗောဓိကိုးထောင် ဆရာတော်ဘုရားကြီးရဲ့ အောင်ရတနာကျောင်းတိုက်မှာ နဂါးရုံဘုရားတည်ဖို့ မတည်ငွေ သိန်း (၃၀၀) ကို လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ မရမ်းကုန်းရွာ စာသင်ကျောင်း ရေသန့်စက်အလှူငွေ (၁၅) သိန်း၊ ကျောင်းသစ်ဆောက်လှူရန် မတည်အလှူငွေ သိန်း (၁၁၀) နဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း (၉၁၀) အတွက် စာရေးကိရိယာတွေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ မွေးနေ့လေးမှာ စုစုပေါင်း အလှူငွေ သိန်း (၅၅၀) ကျော်ဖိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နေခြည်ဦးရဲ့ ကောင်းမှူအလှူလေးကို သာဓုခေါ်ပေးကြဦးနော်။

မိုမိုလေး