ဒူး ဘိုင်း က သူဌေးတွေက လူမှုကွန်ရက်ဆယ်လီတွေ၊ Influencer တွေ၊ TV စတားတွေကို ဈေးကြီးပေးပြီး၊ ညအိပ်ကမ်းလှမ်းတာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ဖွင့်ဟလာပါတယ်။ သူတို့ကို သူဌေးတွေက ပေါင်(၁)သိန်းအထိ ဈေးမြှင့်ပေး ကမ်းလှမ်းမှုတွေရှိတယ်လို့ ဆိုပါတယ်။ ယခင်တုန်းကတော့ ဆယ်လီဖြစ်လာပြီဆိုရင် ကုန်ပစ္စည်းတွေ၊ Brand တွေက စပွန်ဆာလိုက်ပေမယ့် အခုက ဒီလို မဟုတ်ပါဘူးတဲ့။

အ ဆိုပါ ဆယ်လီတွေအနေနဲ့ သူတို့ရဲ့ ဖော်လိုဝါတွေဆီကနေ အပြုသဘောဆောင်တဲ့ မက်ဆေ့တွေ၊ တိုက်ခိုက်ဝေဖန်တဲ့ မက်ဆေ့တွေနဲ့အတူ တစ်ခါတလေ အခုလို ထူးဆန်းတဲ့ ကမ်းလှမ်းမှုတွေကိုလည်း ခံရတယ်လို့ Mirror သတင်းစာက ဆိုပါတယ်။ Love Island ရဲ့ စတားတစ်ဦြးုဖစ်တဲ့ Rosie Williams က သူမကိုယ်တိုင်လည်း ဒီအဖြစ်မျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

သူမက Victoria Derbyshire အစီအစဉ်မှာ အခုလို ထုတ်ဖော်ဝန်ခံမှုတွေ ပြုလုပ်ခဲ့တာပါ။ Rosie ရဲ့အဆိုအရ ဒူဘိုင်းကလို့ ယူဆရတဲ့ ကမ်းလှမ်းသူ အမျိုးသားတစ်ဦးက တစ်နှစ်ကို ပေါင်(၁)သိန်း ထောက်ပံ့မယ့်အပြင်၊ အိပ်တွေ၊ အဝတ်အစားတွေလည်း ဝယ်ပေးမယ်လို့ စာပို့ဆက်သွယ်လာခဲ့ပါသတဲ့။ သူမှာ Important transaction ရှိကြောင်း၊ အဲဒါကို သူမနဲ့အတူ မျှဝေလိုကြောင်း ကမ်းလှမ်းလာခဲ့တာပါ။

ဒါပေမယ့် အဲဒီလို စာတိုတွေဟာ ဆယ်လီတွေရဲ့မက်ဆေ့ဘောက်မှာ တွေ့ရလေ့ရှိတဲ့ မက်ဆေ့မျိုးတွေဖြစ်ပါတယ်။ သူမအနေနဲ့တော့ ဘယ်သူ့ကိုမှာ ဒီလို ကမ်းလှမ်းဖို့ မသွေးဆောင်ခဲ့ဖူးပေမယ့်၊ မမျှော်လင့်တဲ့ ထင်ပေါ်ကျော်ကြားမှုက ဒီအခြေအနေကို ဖြစ်စေခဲ့တာလို့ ထုတ်ဖော်ခဲ့ပါတယ်။

သူမက “ ကျွန်မတို့က ဒီလို လုပ်စားရမယ့် အခြေအနေမဟုတ်ပါဘူး … ဒါကြောင့် ဒီအကြောင်းကို ပြောလည်းမပြောဘူး … တကယ်လို့ ကျွန်မတို့ လုပ်ခဲ့ရင်ကို ရှက်စရာ ကောင်းလွန်းနေပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ တစ်ခြား Love Island စတားတစ်ဦးဖြစ်တဲ့ Tyne-Lexy Clarson ကလည်း သူမဆီကိုလည်း ဒီလို အလားတူမက်ဆေ့တွေ လက်ခံရလေ့ရှိတယ်လို့ ပြောပါတယ်။ သူမ အသက်(၁၉)နှစ်လောက်ကတည်းက ဒီလို ကမ်းလှမ်းတာမျိုး ခံခဲ့ရပါသတဲ့။

သူမကိုတော့ ညစာစားခြင်းနဲ့ အတူတူ သောက်စားဖို့ ဖိတ်ကြားတာဖြစ်ပြီး ပေါင် (၂၀၀၀၀)အထိတောင် ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Love Island မှာ ပါဝင်ပြီးနောက် အေဂျင်စီတစ်ခုက ဒူဘိုင်းမှာ အမျိုးသားတစ်ယောက်နဲ့ (၅)ညတာ အတူနေရုံနဲ့ ပေါင်(၅၀၀၀၀)ပေးမယ်လို့ ကမ်းလှမ်းလာတယ်လို့ ဆိုပါတယ်။ ကမ်းလှမ်းမှုထဲမှာ သူမသာ လျှို့ဝှက်ထားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာကို အသေးစိတ်ဖော်ပြမထားတဲ့ အချက်တွေလည်း ပါဝင်ပါသတဲ့။

Clarson ကတော့ သူမအနေနဲ့ ကမ်းလှမ်းချက်အသီးသီးကို ပယ်ချနိုင်ခဲ့ပေမယ့်၊ တစ်ခြားဆယ်လီအမျိုးသမီးတွေအနေနဲ့ ဒီလိုရှက်စရာ ကမ်းလှမ်းချက်ကို လက်ခံမိမှာကိုတော့ စိုးရိမ်နေမိတယ်လို့ ပြောပါတယ်။ တစ်ခါတလေမှာ အမျိုးသားတွေကိုယ်တိုင်က ဆက်သွယ်သလို၊ အေဂျင်စီတွေကတစ်ဆင့် ဆက်သွယ်တာမျိုးလည်း ရှိတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

Isabel လို့ ဖော်ပြထားတဲ့ အမျိုးသမီးကလည်း Victoria Derbyshire အစီအစဉ်မှာ ထုတ်ဖော်မှု လုပ်ခဲ့ပါတယ်။ သူမထက် အသက်(၁၀)နှစ်လောက် ပိုကြီးတဲ့ အမျိုးသားက အခုလို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလူဟာ ငွေရေးကြေးရေး တောင့်တင်းတဲ့လူလို့ အကြမ်းဖျဉ်းယုံကြည်ရပြီး၊ သူမကို ဈေးကြီးတဲ့ အိတ်တွေဝယ်ပေးမယ်လို့ ပြောပါတယ်။

သူမဟာ ကမ်းလှမ်းသူနဲ့ ချိန်းတွေ့ခဲ့ပြီး၊ ငွေရေးကြေးရေး အခက်အခဲကို မေးမြန်းကြောင်း၊ သူမက ပေါင်(၅၀၀၀)အကြွေးတင်နေကြောင်း ပြောပြတော့ လိင်ပိုင်းဆိုင်ရာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး၊ အကြွေးဆပ်ပေးမယ်လို့ ဆိုပါသတဲ့။ သူမကလည်း ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် နောက်တော့ ဒါဟာ စော်ကားခံခဲ့ရတယ်လို့ ခံစားမိတယ်လို့ ပြောပါတယ်။

လင်းသူရိန်
Credit – Shwemom