အိမ္၊ျခံ၊ေျမ စာခ်ဳပ္ခ်ဳပ္ဆိုလွ်င္ သတိထားရမည့္အေရးၾကိီးေသာ အခ်က္မ်ား

အက်ိဳးေဆာင္မပါဘဲ စာခ်ဳပ္ခ်ဳပ္ဆိုရင္ သတိျပဳပါ”

အိမ္ျခံေျမေတြကို အက်ိဳး ေဆာင္ မပါဘဲ စာခ်ဳပ္ခ်ဳပ္ဆိုေရာင္းဝယ္ ၾကမယ္္ဆိုရင္ “စာခ်ဳပ္ပါအေၾကာင္းအရာေတြကို ေသေသခ်ာခ်ာ စစ္ေဆးသင့္တယ္”လို႔ သိရပါတယ္။

“ေသခ်ာမစစ္ေဆးဘဲ ဝယ္ယူတာေတြေၾကာင့္ စလစ္အတု၊ ပါမစ္အတုေတြ ဝယ္မိတယ္ဆိုတဲ့ ျပႆနာေတြ ျဖစ္ေပၚေန ရတာပါ၊

ေသခ်ာစစ္ေဆးမယ္ဆိုရင္ေတာ့ ဒီျပႆနာေတြ မျဖစ္ႏိုင္ဘူး”လို႔ အိမ္ျခံေျမ အက်ိဳးေဆာင္ ဦးျမင့္ေအးက ဆိုပါတယ္။

အိမ္ျခံေျမဆိုင္ရာ စာခ်ဳပ္ ခ်ဳပ္ဆိုတဲ့ အခါမွာ သတိထားရမယ့္္ အခ်က္ေတြနဲ႔ အ ေရးႀကီးအခ်က္ေတြကို ေရာင္းဝယ္သူ တ ခ်ိဳ႕ အမွတ္တမဲ့ ထားရွိတတ္ပါတယ္။

ေျမ အမ်ိဳးအစားအလိုက္ ပိုင္ဆိုင္မႈအေထာက္အထားေတြကို နားလည္တတ္ကြ်မ္းသူ ေတြနဲ႔ စစ္ေဆးသင့္ပါတယ္။

ဝယ္ေရာင္း တခ်ိဳ႕က စာရြက္စာတမ္းေတြကို အေပၚယံ ေလာက္ပဲ ၾကည့္႐ႈစစ္ေဆးတတ္ၾကတာ ေၾကာင့္ ေသခ်ာစစ္ေဆးဖို႔ လိုအပ္ပါ တယ္။

ဒါ့အျပင္ ယခုေနာက္ပိုင္းမွာ ဂရန္၊ စလစ္ေျမ၊ ပါမစ္ေျမေတြရဲ႕ စာရြက္စာတမ္း အတုေတြ ထြက္ေနတဲ့အတြက္ ေသခ်ာစစ္ ေဆးသင့္တာ ျဖစ္တယ္လို႔ သိရပါတယ္။

စာခ်ဳပ္စာတမ္းပါ အခ်က္အလက္ ေတြကိုလည္း ေသခ်ာစြာဖတ္႐ႈသင့္ပါ တယ္။ ေငြေၾကးဆိုင္ရာ ကိန္းဂဏန္းေတြ၊ ရက္စြဲေတြ၊

စာခ်ဳပ္ပါစကားလံုးေတြကို တစ္လံုး ခ်င္းစီ ေသေသခ်ာခ်ာစစ္ေဆးမွ သာ စာခ်ဳပ္ပါ အခ်က္အလက္နဲ႔ ကြဲျပားမႈ ေတြကို သိရွိႏိုင္မွာပါ။

လူတိုင္းသိထားသင့္တဲ့ “အက်ိဳးေဆာင္မပါဘဲ စာခ်ဳပ္ခ်ဳပ္ဆိုရင္ သတိျပဳပါ”

ဒါ့အျပင္ မွတ္ပံုတင္ ပါ အခ်က္အလက္္ေတြ၊ တိုက္ခန္းေျမကြက္ တည္ေနရာေတြကိုလည္း စာခ်ဳပ္ စာတမ္းနဲ႔ ကိုက္ညီမႈ ရွိ မရွိ တိုက္ဆိုင္စစ္ ေဆးသင့္တယ္လို႔ သိရပါတယ္။

ေနာက္တစ္ခု သတိထားရမွာကေတာ့ စာခ်ဳပ္ပါ အခ်က္တခ်ိဳ႕ကို အမွားျပင္ဆင္ ခ်က္နဲ႔ အမွားျပင္ဆင္တာေတြ ျဖစ္ပါ တယ္။ စာခ်ဳပ္ထဲမွာ အမွားတစ္စံုတစ္ရာ ရွိ ပါက ျပင္ဆင္ခ်က္ကို ေသခ်ာစြာ စစ္ေဆး ရပါမယ္။

စာခ်ဳပ္ေတြကို စစ္ေဆး တဲ့အခါ အမွားေတြ႕ရင္ correction pen ကို မသံုးဖို႔ ကလည္း သတိျပဳစရာတစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ correction pen အသံုးျပဳမိၿပီး အမွား ျပင္ဆင္ခ်က္ကို initial sign (လက္မွတ္အတို ေကာက္)

ထိုးထားေပမဲ့ မသမာသူေတြက correction pen ကို အသံုးျပဳၿပီး ထပ္ၿပီး အမွားျပင္ဆင္ႏိုင္တာေၾကာင့္ ျဖစ္ပါ တယ္။္

လက္မွတ္အတိုေကာက္ထိုးစာခ်ဳပ္မွာ အမွားေတြ႕ရွိမယ္ဆိုရင္ လုပ္ေဆာင္ရမယ့္ အေကာင္းဆံုးအခ်က္ ကေတာ့ အမွားစကားလံုးေပၚမွာ cross မ်ဥ္းတစ္ေၾကာင္းသာျခစ္ၿပီး

အေပၚမွာ အမွားျပင္ဆင္ခ်က္ေရးကာ initial sign (လက္မွတ္အတိုေကာက္) ထိုးေပးျခင္းပဲ ျဖစ္ပါတယ္။“ကိုယ္ဝယ္တဲ့ခ်ိန္မွာ ဒီလိုအမွားမ်ိဳး ကို

ရပါတယ္လို႔ သေဘာထားလိုက္ေပမဲ့ ျပန္ေရာင္းတဲ့အခါက်ေတာ့ အခက္ေတြ႕ ေရာ အဲဒီလိုအမွားျပင္ဆင္ခ်က္က သို႔ ေလာ သို႔ေလာ ျဖစ္ေစပါတယ္”လို႔ အထက္ တန္း ေရွ႕ေန မသိဂႌေအးက ဆိုပါတယ္။

အခုလိုအမွားမ်ိဳးေတြကို စာခ်ဳပ္မွာ ေတြ႕ရွိလာတယ္ဆိုရင္ အေရာင္းအဝယ္ ပိုင္းမွာ အခက္အခဲတခ်ိဳ႕ရွိလာၿပီး ျပႆနာ တက္ႏိုင္တာေၾကာင့္

ေရာင္းသူနဲ႔ ဝယ္သူ ၾကားမွာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္အသစ္ တစ္ခု ထပ္မံခ်ဳပ္ဆိုလို႔ရတယ္လို႔ သိရပါ တယ္။

ဝယ္ယူသူအေနနဲ႔ သံသယရွိတယ္ ဆိုရင္ ေရာင္းသူကို မူရင္း ပထမပိုင္ရွင္နဲ႔ တိုက္႐ိုက္ စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ ေတာင္းဆိုလို႔ ရသလို ခ်ဳပ္ဆိုခြင့္ရွိတယ္လို႔လည္း သိရပါ တယ္။

ဒါ့အျပင္ သက္ေသထည့္သြင္းတဲ့ ေနရာမွာလည္း နားလည္သူေတြကိုသာ သက္ေသအျဖစ္ ထည့္သြင္းသင့္တယ္လို႔ သိရပါတယ္။

“အသိမိတ္ေဆြမို႔လို႔၊ လမ္းၾကံဳလို႔ စ တာေတြကို သက္ေသထိုးခိုင္းတာကလဲ ျပႆနာတစ္စံုတစ္ရာ ျဖစ္လာရင္ သူတို႔ က စာခ်ဳပ္ပါအေၾကာင္းအရာကို

မသိ ေတာ့ အခက္ေတြ႕ရတယ္၊ ဒါေၾကာင့္ သူ တို႔ကို သက္ေသလုပ္ခိုင္းမယ္ဆိုရင္ ေသခ်ာသိေအာင္ အရင္ေျပာထားသင့္တယ္”လို႔ အထက္တန္းေရွ႕ေန မသိဂႌေအးက ဆက္ေျပာပါတယ္။

(မိုးသိဂႌေဇာ္၊ ဝင့္သူေမာ္)

credit – kumudrajourna

Unicodeျဖင့္ဖတ္ရန္

အိမ်၊ခြံ၊မြေ စာချုပ်ချုပ်ဆိုလျှင် သတိထားရမည့်အရေးကြီးသော အချက်များ

အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ”

အိမ်ခြံမြေတွေကို အကျိုး ဆောင် မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ် ကြမယ်ဆိုရင် “စာချုပ်ပါအကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်”လို့ သိရပါတယ်။

“သေချာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါမစ်အတုတွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေ ရတာပါ၊

သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ဘူး”လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးမြင့်အေးက ဆိုပါတယ်။

အိမ်ခြံမြေဆိုင်ရာ စာချုပ် ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အ ရေးကြီးအချက်တွေကို ရောင်းဝယ်သူ တ ချို့ အမှတ်တမဲ့ ထားရှိတတ်ပါတယ်။

မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။

ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံ လောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါ တယ်။

ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊

စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။

လူတိုင်းသိထားသင့်တဲ့ “အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ”

ဒါ့အပြင် မှတ်ပုံတင် ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ် စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ် ဆေးသင့်တယ်လို့ သိရပါတယ်။

နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိ ပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေး ရပါမယ်။

စာချုပ်တွေကို စစ်ဆေး တဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်)

ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။်

လက်မှတ်အတိုကောက်ထိုးစာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး

အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။“ကိုယ်ဝယ်တဲ့ချိန်မှာ ဒီလိုအမှားမျိုး ကို

ရပါတယ်လို့ သဘောထားလိုက်ပေမဲ့ ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ ရော အဲဒီလိုအမှားပြင်ဆင်ချက်က သို့ လော သို့လော ဖြစ်စေပါတယ်”လို့ အထက် တန်း ရှေ့နေ မသိင်္ဂီအေးက ဆိုပါတယ်။

အခုလိုအမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာ တက်နိုင်တာကြောင့်

ရောင်းသူနဲ့ ဝယ်သူ ကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါ တယ်။

ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်ရှိတယ်လို့လည်း သိရပါ တယ်။

ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။

“အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စ တာတွေကို သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့ က စာချုပ်ပါအကြောင်းအရာကို

မသိ တော့ အခက်တွေ့ရတယ်၊ ဒါကြောင့် သူ တို့ကို သက်သေလုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင် အရင်ပြောထားသင့်တယ်”လို့ အထက်တန်းရှေ့နေ မသိင်္ဂီအေးက ဆက်ပြောပါတယ်။

(မိုးသိင်္ဂီဇော်၊ ဝင့်သူမော်)

credit – kumudrajourna