ဝူ ဟန္ဗိုင္းရပ္စ္ဟာ ၿမိဳ႕ကို ပိတ္လိုက္တဲ့ေနာက္ ဘယ္လမ္းေၾကာင္းမွ ၿမိဳ႕ကေန အ၀င္အထြက္ မရွိေတာ့ပါဘူး။ ဒါေပမယ့္ သူတို႔ မပိတ္ခင္မွာပဲ ဝူဟန္က ထြက္ခြာလာတဲ့ေလယာဥ္ေတြ ရွိပါတယ္။ အဲေလယာဥ္ေတြထဲ ရန္ကုန္ကို လာတဲ့ေလယာဥ္ တစီးပါ ပါတယ္။ အဲဒါကိုေတာ့ လက္ခံရပါတယ္။ ေနာက္ထပ္ေတာ့ လက္မခံေတာ့ပါဘူး။ ပိတ္လိုက္ပါတယ္။ တျခားႏိုင္ငံေတြလဲ ဒီလိုပါပဲ။ အဲဒီေလယာဥ္မွာ ခရီးသည္ ၈၅ ဦးနဲ႔ အမႈထမ္း ၉ ဦးပါပါတယ္။

အခု ဝူဟန္ဗိုင္းရပ္ဟာ တ႐ုတ္၊ ထိုင္း၊ အေမရိကန္၊ ကေနဒါ၊ ကိုရီးယားနဲ႔ ဂ်ပန္တို႔ကို ကူးစက္ေနရာက အခုညမွာေတာ့ စင္ကာပူ၊ ၿဗိတိန္နဲ႔ ဗီယက္နမ္တို႔ကိုပါ ကူးစက္ေနပါပီ။ ဒါေၾကာင့္ WHO က ဝူဟန္တင္မက အနီးအနားက ေနာက္ထပ္ ၿမိဳ႕ ၂ၿမိဳ႕ကိုပါ ပိတ္ခ်လိုက္တာပါ။ ဒီလို လူသန္းခ်ီေနတဲ့ Mega City ႀကီးကို Lock down ခ်လိုက္တာ သမိုင္းမွာ ပထမဆုံးအႀကိမ္ပါပဲ။ ဒါေပမယ့္ ဒါဟာ ကမာၻလုံးဆိုင္ရာ က်န္းမာေရး အေရးေပၚအေျခအေနေတာ့ မဟုတ္ေသးပါဘူး။ WHO က အေရးႀကီးလာရင္ ေၾကညာပါလိမ့္မယ္။ အဲဒါဆိုရင္ေတာ့ အဲဒီေဒသတခုလုံးကို ပိတ္ထားပီး တကမာၻလုံးက Volunteer ဆရာ၀န္ေတြ၊ Nurse ေတြ သြားပီး ကူညီရပါလိမ့္မယ္။ အာဖရိကမွာ အီဘိုလာ ျဖစ္တုန္းကလိုေပါ့။

တကယ္က ေရာဂါေစာင့္ၾကည့္ေရးလုပ္ငန္းဟာ သိပ္က်ယ္ျပန္႔လြန္းပါတယ္။ အေမရိကန္လို ထိပ္တန္းႏိုင္ငံႀကီးတခုေတာင္ မနည္းလုပ္ရတာပါ။ အခု အေမရိကန္ ဝါရွင္တန္မွာ ကူးစက္လူနာ တေယာက္ေတြ႕တယ္။ သူစီးလာတဲ့ ေလယာဥ္ေပၚက ခရီးသည္ေတြနဲ႔ ေလယာဥ္၀န္ထမ္းေတြ အကုန္ကို လိုက္စစ္ရပါတယ္။ ေစာင့္ၾကည့္ရပါတယ္။ သူတို႔ မိသားစုေတြကို ေစာင့္ၾကည့္စစ္ေဆးရပါတယ္။ အဲဒီအထဲမွာမွ ပိုးကူးစက္သူ ေပၚလာရင္ သူနဲ႔ ထိေတြ႕ခဲ့သူ မိတ္ေဆြသူငယ္ခ်င္းေတြကို တခါလိုက္ၾကည့္ပါတယ္။ စစ္ရပါတယ္။ ဒီေလာက္ က်ယ္ျပန္႔လွတဲ့ လုပ္ငန္းစဥ္ႀကီးပါ။ က်ေနာ္တို႔လို Developing Country ေတြအေနနဲ႔ လုပ္ရခက္လွပါတယ္။ တတ္ႏိုင္သေလာက္ေတာ့ အစြမ္းကုန္ ကာကြယ္ေနၾကရပါတယ္။

စင္ကာပူမွာဆိုရင္လည္း လူနာ ေနခဲ့တဲ့ ရွန္ဂရီလာ Hotel အခန္းကို ပိုးသတ္ေဆးျဖန္းပီး႐ုံမက အခန္းသန္႔ရွင္းေရးလုပ္တဲ့ ဝန္ထမ္းေတြကိုပါ အခန္းတခုထဲ သီးျခားခြဲထားပီး ဘယ္သူနဲ႔မွ ထိေတြ႕ခြင့္ မေပးေတာ့ပါဘူး။

အခု ျဖစ္တဲ့ေရာဂါဟာ မူလဇစ္ျမစ္ရွာေဖြရခက္ေနဆဲျဖစ္ပီး လင္းႏို႔ကေန တဆင့္ကူးတယ္လို႔ေတာ့ အၾကမ္းဖ်င္း သုံးသပ္ထားပါပီ။ အေျခခံအေၾကာင္းအရင္း သိလာရင္ေတာင္ လူအခ်င္းခ်င္းကူးစက္ေနတာမို႔ ကာကြယ္ဖို႔က ခက္ေနဦးမွာျဖစ္ပီး အခ်ိန္အေတာ္ယူၾကရဦးမယ္ဆိုတဲ့အေၾကာင္း၊ လူသားအားလုံး က်န္းမာပါေစေၾကာင္း အသိေပးေရးသားလိုက္ရပါတယ္။

Nay Thwe

Unicode

ဝူ ဟန်ဗိုင်းရပ်စ်ဟာ မြို့ကို ပိတ်လိုက်တဲ့နောက် ဘယ်လမ်းကြောင်းမှ မြို့ကနေ အဝင်အထွက် မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့ မပိတ်ခင်မှာပဲ ဝူဟန်က ထွက်ခွာလာတဲ့လေယာဉ်တွေ ရှိပါတယ်။ အဲလေယာဉ်တွေထဲ ရန်ကုန်ကို လာတဲ့လေယာဉ် တစီးပါ ပါတယ်။ အဲဒါကိုတော့ လက်ခံရပါတယ်။ နောက်ထပ်တော့ လက်မခံတော့ပါဘူး။ ပိတ်လိုက်ပါတယ်။ တခြားနိုင်ငံတွေလဲ ဒီလိုပါပဲ။ အဲဒီလေယာဉ်မှာ ခရီးသည် ၈၅ ဦးနဲ့ အမှုထမ်း ၉ ဦးပါပါတယ်။

အခု ဝူဟန်ဗိုင်းရပ်ဟာ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယားနဲ့ ဂျပန်တို့ကို ကူးစက်နေရာက အခုညမှာတော့ စင်ကာပူ၊ ဗြိတိန်နဲ့ ဗီယက်နမ်တို့ကိုပါ ကူးစက်နေပါပီ။ ဒါကြောင့် WHO က ဝူဟန်တင်မက အနီးအနားက နောက်ထပ် မြို့ ၂မြို့ကိုပါ ပိတ်ချလိုက်တာပါ။ ဒီလို လူသန်းချီနေတဲ့ Mega City ကြီးကို Lock down ချလိုက်တာ သမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ ဒါပေမယ့် ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး။ WHO က အရေးကြီးလာရင် ကြေညာပါလိမ့်မယ်။ အဲဒါဆိုရင်တော့ အဲဒီဒေသတခုလုံးကို ပိတ်ထားပီး တကမ္ဘာလုံးက Volunteer ဆရာဝန်တွေ၊ Nurse တွေ သွားပီး ကူညီရပါလိမ့်မယ်။ အာဖရိကမှာ အီဘိုလာ ဖြစ်တုန်းကလိုပေါ့။

တကယ်က ရောဂါစောင့်ကြည့်ရေးလုပ်ငန်းဟာ သိပ်ကျယ်ပြန့်လွန်းပါတယ်။ အမေရိကန်လို ထိပ်တန်းနိုင်ငံကြီးတခုတောင် မနည်းလုပ်ရတာပါ။ အခု အမေရိကန် ဝါရှင်တန်မှာ ကူးစက်လူနာ တယောက်တွေ့တယ်။ သူစီးလာတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ အကုန်ကို လိုက်စစ်ရပါတယ်။ စောင့်ကြည့်ရပါတယ်။ သူတို့ မိသားစုတွေကို စောင့်ကြည့်စစ်ဆေးရပါတယ်။ အဲဒီအထဲမှာမှ ပိုးကူးစက်သူ ပေါ်လာရင် သူနဲ့ ထိတွေ့ခဲ့သူ မိတ်ဆွေသူငယ်ချင်းတွေကို တခါလိုက်ကြည့်ပါတယ်။ စစ်ရပါတယ်။ ဒီလောက် ကျယ်ပြန့်လှတဲ့ လုပ်ငန်းစဉ်ကြီးပါ။ ကျနော်တို့လို Developing Country တွေအနေနဲ့ လုပ်ရခက်လှပါတယ်။ တတ်နိုင်သလောက်တော့ အစွမ်းကုန် ကာကွယ်နေကြရပါတယ်။

စင်ကာပူမှာဆိုရင်လည်း လူနာ နေခဲ့တဲ့ ရှန်ဂရီလာ Hotel အခန်းကို ပိုးသတ်ဆေးဖြန်းပီးရုံမက အခန်းသန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းတွေကိုပါ အခန်းတခုထဲ သီးခြားခွဲထားပီး ဘယ်သူနဲ့မှ ထိတွေ့ခွင့် မပေးတော့ပါဘူး။

အခု ဖြစ်တဲ့ရောဂါဟာ မူလဇစ်မြစ်ရှာဖွေရခက်နေဆဲဖြစ်ပီး လင်းနို့ကနေ တဆင့်ကူးတယ်လို့တော့ အကြမ်းဖျင်း သုံးသပ်ထားပါပီ။ အခြေခံအကြောင်းအရင်း သိလာရင်တောင် လူအချင်းချင်းကူးစက်နေတာမို့ ကာကွယ်ဖို့က ခက်နေဦးမှာဖြစ်ပီး အချိန်အတော်ယူကြရဦးမယ်ဆိုတဲ့အကြောင်း၊ လူသားအားလုံး ကျန်းမာပါစေကြောင်း အသိပေးရေးသားလိုက်ရပါတယ်။

Nay Thwe