လြန္ ခဲ့တဲ့ ၂ ပတ္ေလာက္က ၁ႏွစ္ ၁၁လအ႐ြယ္ သမီးအငယ္မေလးက ႏွာေခါင္းကို ခဏခဏႏိႈက္ေနတာ သတိထားမိတယ္.. ႏွာရည္လဲက်တယ္.. မနက္အေစာပိုင္း အိပ့္ရာႏိုးခ်ိန္ သူ႔ကိုနမ္းရင္ႏွာေခါင္းနားက အနံ႔အသက္သိပ့္မေကာင္းဘူး.. ႏွာေခါင္းထဲမီးထိုးၾကည့္ေတာ့လဲ ဘာမွ႔မေတြ႕ဘူး…

အဲ့လိုနဲ႔ ၃ ရက္ေလာက္ ၾကာသြားတယ္.. သူကေတာ့ အေဆာ့မပ်က္ အစားမပ်က္ပဲ.. ၄ ရက္ေျမာက္ေန႔မွာ သူ႔ကိုနမ္းတဲ့အခ်ိန္ သူ႔ႏွာေခါင္းက အနံ႔က အေတာ္ေလးသိသာေနတယ္.. တခုခုေတာ့ဝင္ေနၿပီလို႔ သံသယဝင္လာတယ္.. ၾကည့္ေတာ့လဲဘာမွ႔မေတြ႕ဘူး…

အဲ့တာနဲ႔ အႀကံရၿပီး သူ႔ကို ႏွာေျခေအာင္ အေမႊးေလးေတြနဲ႔ ႏွာေခါင္းဝနား ကလိတာေပါ့.. အဲ့ေတာ့မွ႔ ႏွာ ၁ ခ်က္ ၂ ခ်က္ ေျခတယ္.. အဲ့အခ်ိန္ ႏွာေခါင္းထဲ ဓာတ္မီးထိုးၾကည့္ေတာ့ႏွာေခါင္းရဲ႕ ဘယ္ဘက္မွာ အျဖဴစေလးေတြ႕တယ္ ကိုယ္ေတြလဲ တအားလန္႔သြားတာေပါ့…

ကေလးရဲ႕ အေဖဆို ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္ေနတာ.. အာ့နဲ႔ ကေလးကိုေသခ်ာခ်ဳပ္ေပးထား နားကေလာ္တံနဲ႔ အသာကလန္႔ၿပီး အစထြက္လာရင္ဇကနာအခြၽန္နဲ႔ ဆြဲထုပ္ၾကမယ္ေပါ့…

ျဖစ္ခ်င္ေတာ့ ကေလးကလဲ အထဲမွာ ဘယ္ေလာက္ ေနရခက္ေနမလဲမသိဘူး သူ႔ကို သက္သာေအာင္လုပ္ေပးမွန္းသိတယ္ေတာ့ ၿငိမ္ေနတာပဲ..

အာ့နဲ႔ အစေလးထြက္လာလို႔ ဇာကနာအခြၽန္နဲ႔ ဆြဲထုပ္လိုက္ေတာ့.. အမေလးးးေလးးး…

ပါကင္ဘူးေတြမွာ ကပ္တဲ့ စီးတိတ္လိုတံဆိပ္ႀကီး ၁ လက္မခြဲ အရွည္ရွိတယ္.. အထဲမွာလိပ့္ေနတာ.. ျပည္ေတြေရာ ေသြးစေတြေရာ အနံ႔ကလဲ အဲ့ၾကမွ႔လိူက္ထြက္လာတာ.. ကိုယ္ေတြလဲ အဲ့ေတာ့မွ သက္ျပင္းေမာႀကီး ခ်ႏိုင္တယ္.. မေတာ္လို႔မ်ား ခြဲရစိတ္ရဆို ရင္က်ိဳးရေခ်ရဲ႕…

အဲ့ေနာက္ပိုင္း သူအိပ္ၿပီဆိုတာနဲ႔ သူ႔ႏွာေခါင္းေတြ လိုက္နမ္း နား႐ြက္ေတြ ၿဖဲၾကည့္ မီးေတြထိုးစစ္ လုပ္ရတာ ေန႔တိုင္းပဲ…

ေနာက္ ၃ ရက္ေလာက္ေနေတာ့ အဲ့လိုပဲ ႏွာေခါင္းႏႈိက္ေနျပန္တယ္.. ၾကည့္လိုက္ေတာ့ စတစ္ကာကို ထိုးထည့္ထားတာ.. ခ်က္ျခင္းသိေတာ့ ဟိုးအထဲထိမဝင္ေသးဘူး အျမန္ဆြဲထုပ္ရတယ္..

အဲ့ေနာက္ပိုင္း ကစားစရာေသးတာေတြ သူ႔ႏွာေခါင္းထဲ ထည့္ႏိုင္တာေတြ အကုန္လိုက္သိမ္းအကုန္လႊင့္ျပစ္ လုပ္ထားတာေတာင္ ဒီေန႔လဲ ေခ်ာကလက္စားေနရင္း ႏွာေခါင္းကို ႏႈိက္ၿပီး ထိုးထည့္ေနတာ နာတယ္ နာတယ္ လဲေအာ္ေနေသးတာ.. သူ႔ၾကည့္ေတာ့ရီေနတယ္.. တမင္တကာကို ထိုးထည့္ေနတာ ၃ ႀကိမ္ရွိၿပီ…

ႏွာေခါင္းထဲ ၾကည့္ေတာ့ ျမင္တဲ့အတိုင္းပဲ ဇာကနာနဲ႔ အျမန္ဆြဲထုပ္ရတယ္.. လူၾကည့္ေတာ့ ၂ ႏွစ္မျပည့္ေသးဘူး…

ေခ်ာင္ကေလာင္ေတြ ကုတင္ၾကားေတြ ဝင္ၿပီး အီးးးအီးးး ေအာ္ေနလို႔ ကိုယ္ကဆြဲထုပ္ေပးလိုက္တယ္ ခဏေန အဲ့ေခ်ာင္ထဲျပန္ဝင္ၿပီး အီးးးအီးးးးနဲ႔ေအာ္ေနတာ ညႇပ္ေနၿပီ ညႇပ္ေနၿပီ ဆိုတာေတာင္ပါေသး အဲ့အ႐ြယ္ ကေလးေတြနဲ႔ ဘယ္လိုစခန္းဆက္သြားရပါ့…

နႏၵာ ေအာင္ျမင္

Unicode

လွန် ခဲ့တဲ့ ၂ ပတ်လောက်က ၁နှစ် ၁၁လအရွယ် သမီးအငယ်မလေးက နှာခေါင်းကို ခဏခဏနှိုက်နေတာ သတိထားမိတယ်.. နှာရည်လဲကျတယ်.. မနက်အစောပိုင်း အိပ့်ရာနိုးချိန် သူ့ကိုနမ်းရင်နှာခေါင်းနားက အနံ့အသက်သိပ့်မကောင်းဘူး.. နှာခေါင်းထဲမီးထိုးကြည့်တော့လဲ ဘာမှ့မတွေ့ဘူး…

အဲ့လိုနဲ့ ၃ ရက်လောက် ကြာသွားတယ်.. သူကတော့ အဆော့မပျက် အစားမပျက်ပဲ.. ၄ ရက်မြောက်နေ့မှာ သူ့ကိုနမ်းတဲ့အချိန် သူ့နှာခေါင်းက အနံ့က အတော်လေးသိသာနေတယ်.. တခုခုတော့ဝင်နေပြီလို့ သံသယဝင်လာတယ်.. ကြည့်တော့လဲဘာမှ့မတွေ့ဘူး…

အဲ့တာနဲ့ အကြံရပြီး သူ့ကို နှာခြေအောင် အမွှေးလေးတွေနဲ့ နှာခေါင်းဝနား ကလိတာပေါ့.. အဲ့တော့မှ့ နှာ ၁ ချက် ၂ ချက် ခြေတယ်.. အဲ့အချိန် နှာခေါင်းထဲ ဓာတ်မီးထိုးကြည့်တော့နှာခေါင်းရဲ့ ဘယ်ဘက်မှာ အဖြူစလေးတွေ့တယ် ကိုယ်တွေလဲ တအားလန့်သွားတာပေါ့…

ကလေးရဲ့ အဖေဆို ခြေဖျားလက်ဖျားတွေပါ အေးစက်နေတာ.. အာ့နဲ့ ကလေးကိုသေချာချုပ်ပေးထား နားကလော်တံနဲ့ အသာကလန့်ပြီး အစထွက်လာရင်ဇကနာအချွန်နဲ့ ဆွဲထုပ်ကြမယ်ပေါ့…

ဖြစ်ချင်တော့ ကလေးကလဲ အထဲမှာ ဘယ်လောက် နေရခက်နေမလဲမသိဘူး သူ့ကို သက်သာအောင်လုပ်ပေးမှန်းသိတယ်တော့ ငြိမ်နေတာပဲ..

အာ့နဲ့ အစလေးထွက်လာလို့ ဇာကနာအချွန်နဲ့ ဆွဲထုပ်လိုက်တော့.. အမလေးးးလေးးး…

ပါကင်ဘူးတွေမှာ ကပ်တဲ့ စီးတိတ်လိုတံဆိပ်ကြီး ၁ လက်မခွဲ အရှည်ရှိတယ်.. အထဲမှာလိပ့်နေတာ.. ပြည်တွေရော သွေးစတွေရော အနံ့ကလဲ အဲ့ကြမှ့လိူက်ထွက်လာတာ.. ကိုယ်တွေလဲ အဲ့တော့မှ သက်ပြင်းမောကြီး ချနိုင်တယ်.. မတော်လို့များ ခွဲရစိတ်ရဆို ရင်ကျိုးရချေရဲ့…

အဲ့နောက်ပိုင်း သူအိပ်ပြီဆိုတာနဲ့ သူ့နှာခေါင်းတွေ လိုက်နမ်း နားရွက်တွေ ဖြဲကြည့် မီးတွေထိုးစစ် လုပ်ရတာ နေ့တိုင်းပဲ…

နောက် ၃ ရက်လောက်နေတော့ အဲ့လိုပဲ နှာခေါင်းနှိုက်နေပြန်တယ်.. ကြည့်လိုက်တော့ စတစ်ကာကို ထိုးထည့်ထားတာ.. ချက်ခြင်းသိတော့ ဟိုးအထဲထိမဝင်သေးဘူး အမြန်ဆွဲထုပ်ရတယ်..

အဲ့နောက်ပိုင်း ကစားစရာသေးတာတွေ သူ့နှာခေါင်းထဲ ထည့်နိုင်တာတွေ အကုန်လိုက်သိမ်းအကုန်လွှင့်ပြစ် လုပ်ထားတာတောင် ဒီနေ့လဲ ချောကလက်စားနေရင်း နှာခေါင်းကို နှိုက်ပြီး ထိုးထည့်နေတာ နာတယ် နာတယ် လဲအော်နေသေးတာ.. သူ့ကြည့်တော့ရီနေတယ်.. တမင်တကာကို ထိုးထည့်နေတာ ၃ ကြိမ်ရှိပြီ…

နှာခေါင်းထဲ ကြည့်တော့ မြင်တဲ့အတိုင်းပဲ ဇာကနာနဲ့ အမြန်ဆွဲထုပ်ရတယ်.. လူကြည့်တော့ ၂ နှစ်မပြည့်သေးဘူး…

ချောင်ကလောင်တွေ ကုတင်ကြားတွေ ဝင်ပြီး အီးးးအီးးး အော်နေလို့ ကိုယ်ကဆွဲထုပ်ပေးလိုက်တယ် ခဏနေ အဲ့ချောင်ထဲပြန်ဝင်ပြီး အီးးးအီးးးးနဲ့အော်နေတာ ညှပ်နေပြီ ညှပ်နေပြီ ဆိုတာတောင်ပါသေး အဲ့အရွယ် ကလေးတွေနဲ့ ဘယ်လိုစခန်းဆက်သွားရပါ့…

နန္ဒာ အောင်မြင်