ဇန္ နဝါရီ ၂၄ – တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ျဖစ္ပြားလ်က္ရွိေသာ ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ (Novel Coronavirus) ကို ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန (PHEIC) တစ္ခုအျဖစ္ ေၾကညာရန္ ေစာလြန္းေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဇန္နဝါရီ ၂၃ ရက္၌ ေျပာၾကားခဲ့သည္။

“အေရးေပၚေကာ္မတီက အဆုတ္ေရာင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ (Novel Coronavirus) ျဖစ္ပြားမႈကို ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန PHEIC ျဖစ္ႏိုင္ မျဖစ္ႏိုင္ကို ဇန္နဝါရီ ၂၂ ရက္ က ေဆြးေႏြးခဲ့ပါတယ္။ ဒါက တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားတဲ့ အေရးေပၚအေျခအေနတစ္ခုပါ။ ကမာၻလုံးဆိုင္ရာ က်န္းမာေရးအေရးေပၚအေျခအေနေတာ့ မဟုတ္ေသးပါဘူး” ဟု WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ တက္ဒေရာ့စ္ အက္ဒမ္ႏြမ္ ဂယ္ဘရက္စ္စက္က အေရးေပၚေကာ္မတီ တံခါးပိတ္အစည္းအေဝးၿပီးေနာက္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာခဲ့သည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ ဝူဟန္ႏွင့္ အျခားၿမိဳ႕မ်ားတြင္ အဆုတ္ေရာင္ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈအား ထိန္းခ်ဳပ္ရန္ သင့္ေလ်ာ္ေသာ ေဆာင္႐ြက္ခ်က္မ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္းႏွင့္ ၎ေဆာင္႐ြက္မႈမ်ားအား အခ်ိန္ကာလတစ္ခုအတြင္း ထိေရာက္ ျမန္ဆန္စြာ ေဆာင္႐ြက္သြားႏိုင္မည္ဟု WHO က ေမွ်ာ္လင့္ေၾကာင္း တက္ဒေရာ့စ္က ေျပာခဲ့သည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ အစိုးရ၏ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ပြင့္လင္းျမင္သာမႈအတြက္ ေက်းဇူးတင္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက ဗိုင္းရပ္စ္ပိုးဆင့္ကဲျဖစ္စဥ္အား သီးသန႔္ခြဲျခား၍ လ်င္ျမန္စြာ စီစဥ္မႈအား ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေၾကာင္းႏွင့္ ယင္းဗိုင္းရပ္စ္၏ မ်ိဳးဗီဇျဖစ္စဥ္အခ်က္အလက္မ်ားအး WHO ႏွင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအား မွ်ေဝခဲ့ေၾကာင္း ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။

Unicode

ဇန် နဝါရီ ၂၄ – တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) တစ်ခုအဖြစ် ကြေညာရန် စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။

“အရေးပေါ်ကော်မတီက အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Novel Coronavirus) ဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ PHEIC ဖြစ်နိုင် မဖြစ်နိုင်ကို ဇန်နဝါရီ ၂၂ ရက် က ဆွေးနွေးခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ အရေးပေါ်အခြေအနေတစ်ခုပါ။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်က အရေးပေါ်ကော်မတီ တံခါးပိတ်အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဝူဟန်နှင့် အခြားမြို့များတွင် အဆုတ်ရောင်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်ရန် သင့်လျော်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ၎င်းဆောင်ရွက်မှုများအား အချိန်ကာလတစ်ခုအတွင်း ထိရောက် မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဟု WHO က မျှော်လင့်ကြောင်း တက်ဒရော့စ်က ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုအတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပိုးဆင့်ကဲဖြစ်စဉ်အား သီးသန့်ခွဲခြား၍ လျင်မြန်စွာ စီစဉ်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်းနှင့် ယင်းဗိုင်းရပ်စ်၏ မျိုးဗီဇဖြစ်စဉ်အချက်အလက်များအး WHO နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မျှဝေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။