တစ္ ကိုယ္ေကာင္းဆန္သူ (၁)

ဝူဟန္ၿမိဳ႕မွ ယန္ အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ လူမႈကြန္ရက္ We Chat မွာ ” သူမဟာ ေလဆိပ္ ဝန္ထမ္းမ်ားကို ေအာင္ျမင္စြာ လွည့္ျဖားႏိုင္ခဲ့ေၾကာင္း ” ဂုဏ္ယူစြာ ေရးသား ခဲ့ပါတယ္။

သူမဟာ ဖ်ားနာၿပီး ေခ်ာင္းဆိုးျခင္းကို ခံစားေနရေပမယ့္ သူမသူငယ္ခ်င္းမ်ားရွိရာ ျပင္သစ္ၿမိဳ႕ကို အလည္အပတ္သြားဖို႔ အတြက္ အဖ်ား က်ေဆး၊ ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားကို တစ္လမ္းလံုးေသာက္သံုးၿပီး (Fever scanner) အဖ်ားတိုင္း ကိရိယာမ်ားကို ေရွာင္ရွားၿပီးေအာင္ျမင္စြာ ျပင္သစ္သို႔ ေရာက္ရွိသြားပါတယ္။ အခုဆိုရင္ ျပင္သစ္ႏိုင္ငံ စားေသာက္ဆိုင္တစ္ခုမွာပါ ေရာက္ရွိေၾကာင္း ဓာတ္ပံုတင္ထားတာမို႔ အေတာ္မ်ားမ်ားေဒါသထြက္ေနၾကပါတယ္။

တစ္ကိုယ္ေကာင္းဆန္သူ (၂)

တ႐ုတ္ႏွစ္ကူးမို႔ တ႐ုတ္မိသားစုေတြ ရပ္ရြာျပန္သူေတြနဲ႔ ေလဆိပ္ေတြမွာမ်ားျပားလွ်က္ရွိပ့တယ္။ နန္က်င္း ေလဆိပ္မွာေတာ့ မိသားစု (၄) ေယာက္ပါတဲ့ မိသားစုဟာ သူတို႔ရဲ႕ ကေလးငယ္ တစ္ေယာက္ အဖ်ားရွိတာမို႔ ေလယာဥ္ေပၚတက္ခြင့္မရဘဲ ၾကန္႔ၾကာေနၾကပါတယ္။ အျခားေလယာဥ္စီးသူမ်ားမွ အခ်ိန္လင့္ေနေၾကာင္း ေျပာဆိုလာတဲ့အခါ မိဘ ႏွစ္ပါးမွ ေနမေကာင္းျဖစ္သူ ကေလးအပါအဝင္ သူတို႔ရဲ႕ ကေလးႏွစ္ေယာက္လံုးကို ေလဆိပ္မွာ ပစ္ထားခဲ့ၿပီး သူတို႔ ႏွစ္ေယာက္က တစ္ကိုယ္ေကာင္းဆန္စြာ ခရီးဆက္ခဲ့ၾကပါတယ္တဲ့။

ေနာက္ဆုံးမွာေတာ့ ေလဆိပ္မွာ စြန႔္ပစ္ထားခံခဲ့ရတဲ့ ကေလးႏွစ္ဦးကို ေလေၾကာင္းလိုင္းရဲ႕ ေျမျပင္ဝန္ထမ္းေတြက ၾကည့္ရႈေစာင့္ေရွာက္ထားရပါတယ္။ ေလယာဥ္ေပၚက ခရီးသည္ေတြဟာ သူတို႔ေၾကာင့္ ေလယာဥ္ခ်ိန္ ၃ နာရီခန႔္ ေနာက္က်ခဲ့ရတာကို မေက်နပ္ခဲ့ၾကသလို ကေလးေတြကို ထားပစ္ခဲ့ၿပီး ေလေယာဥ္ေပၚလိုက္ပါလာၾကတဲ့ မိဘႏွစ္ေယာက္ကိုလည္း အေတာ္ေလး အံ့ၾသေဒါသထြက္ခဲ့ၾကပါတယ္။

Unicode

တစ် ကိုယ်ကောင်းဆန်သူ (၁)

ဝူဟန်မြို့မှ ယန် အမည်ရှိ အမျိုးသမီးတစ်ဦးဟာ လူမှုကွန်ရက် We Chat မှာ ” သူမဟာ လေဆိပ် ဝန်ထမ်းများကို အောင်မြင်စွာ လှည့်ဖြားနိုင်ခဲ့ကြောင်း ” ဂုဏ်ယူစွာ ရေးသား ခဲ့ပါတယ်။

သူမဟာ ဖျားနာပြီး ချောင်းဆိုးခြင်းကို ခံစားနေရပေမယ့် သူမသူငယ်ချင်းများရှိရာ ပြင်သစ်မြို့ကို အလည်အပတ်သွားဖို့ အတွက် အဖျား ကျဆေး၊ ချောင်းဆိုးပျောက်ဆေးများကို တစ်လမ်းလုံးသောက်သုံးပြီး (Fever scanner) အဖျားတိုင်း ကိရိယာများကို ရှောင်ရှားပြီးအောင်မြင်စွာ ပြင်သစ်သို့ ရောက်ရှိသွားပါတယ်။ အခုဆိုရင် ပြင်သစ်နိုင်ငံ စားသောက်ဆိုင်တစ်ခုမှာပါ ရောက်ရှိကြောင်း ဓာတ်ပုံတင်ထားတာမို့ အတော်များများဒေါသထွက်နေကြပါတယ်။

တစ်ကိုယ်ကောင်းဆန်သူ (၂)

တရုတ်နှစ်ကူးမို့ တရုတ်မိသားစုတွေ ရပ်ရွာပြန်သူတွေနဲ့ လေဆိပ်တွေမှာများပြားလျှက်ရှိပ့တယ်။ နန်ကျင်း လေဆိပ်မှာတော့ မိသားစု (၄) ယောက်ပါတဲ့ မိသားစုဟာ သူတို့ရဲ့ ကလေးငယ် တစ်ယောက် အဖျားရှိတာမို့ လေယာဉ်ပေါ်တက်ခွင့်မရဘဲ ကြန့်ကြာနေကြပါတယ်။ အခြားလေယာဉ်စီးသူများမှ အချိန်လင့်နေကြောင်း ပြောဆိုလာတဲ့အခါ မိဘ နှစ်ပါးမှ နေမကောင်းဖြစ်သူ ကလေးအပါအဝင် သူတို့ရဲ့ ကလေးနှစ်ယောက်လုံးကို လေဆိပ်မှာ ပစ်ထားခဲ့ပြီး သူတို့ နှစ်ယောက်က တစ်ကိုယ်ကောင်းဆန်စွာ ခရီးဆက်ခဲ့ကြပါတယ်တဲ့။

နောက်ဆုံးမှာတော့ လေဆိပ်မှာ စွန့်ပစ်ထားခံခဲ့ရတဲ့ ကလေးနှစ်ဦးကို လေကြောင်းလိုင်းရဲ့ မြေပြင်ဝန်ထမ်းတွေက ကြည့်ရှုစောင့်ရှောက်ထားရပါတယ်။ လေယာဉ်ပေါ်က ခရီးသည်တွေဟာ သူတို့ကြောင့် လေယာဉ်ချိန် ၃ နာရီခန့် နောက်ကျခဲ့ရတာကို မကျေနပ်ခဲ့ကြသလို ကလေးတွေကို ထားပစ်ခဲ့ပြီး လေယောဉ်ပေါ်လိုက်ပါလာကြတဲ့ မိဘနှစ်ယောက်ကိုလည်း အတော်လေး အံ့သြဒေါသထွက်ခဲ့ကြပါတယ်။