နိုင် ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဘုဏ်းသိုက် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ ဘုဏ်းသိုက်က အများနဲ့မတူ ပဲ ခက်ခဲတဲ့ နေရာတွေထိ သွားရောက် ရိုက်ကူး ပြီး အရည်အသွေးမြင့် တဲ့ကားတွေကိုသာ ရိုက်ကူးပုံဖော်သူ ဖြစ်သလို ဒါရိုက်တာ တစ်ဦးအနေနဲ့လည်း ရပ်တည်နေသူပါ။ အနုပညာကိုကြိုးစားလုပ်ရင်း ချစ်ရတဲ့ သမီးလေးနဲ့ အတူဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဘုဏ်းသိုက်က ” Very Happy Birthday My Bb’girl မြမိုးဂင်္ဂါသမီးလေးကို မွေးတဲ့ နေ့မှာပဲ အဘိုးအဘွားတွေမိဘတွေ ဦးလေးတွေ နဲ့ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတွေကို ဆေးရုံကို ဇွတ်အတင်းဖိတ် Birthday Cake ပေါ် ဖယောင်းတိုင်လေး တစ်တိုင်ထွန်းပြီး သမီးလေးအတွက် ဦးဦးဖျားဖျား ပထမဦးဆုံးသော မွေးနေ့ပွဲလေး ကို ဆေးရုံပေါ်မှာပဲ ဖန်တီးပေးဖြစ်ခဲ့တယ်..။”

“ဂစ်တာသံတွေ …ရယ်သံလွင်လွင်တွေနဲ့  စခဲ့တဲ့ ဇန်နဝါရီ ၂၃…။” သူမ မေမေရဲ့  ဘယ်လက်ရုံးလေးဟာကျွန်တော့်ရဲ့  အနုပညာ ဖြစ်တယ် ” ” မြမိုးဂင်္ဂါ ” ဆိုတာကိုဘယ်ဘက်ရင်ညွန့်မှာ မင်ကြောင်ထိုးသူ့ ဖေဖေဟာ အဲဒီလိုလည်း သူ့သမီးလေးကို သူ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးတယ်..။ဒီနေ့တော့ ကျွန်တော့်ရဲ့ အနုပညာလေး အသက် ( ၆ ) နှစ်ပြည့်ပြီပဲ..!မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး …လို့ဆုမတောင်းဖြစ်ဘူး..။တစ်ကယ် ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ်”

“သမီးလေး ချစ်တဲ့ သူတွေ..သမီးလေးကို ချစ်တဲ့ သူတွေနဲ့ အတူ ဘဝကို ဖြတ်သန်းရင်းရယ်သံလွင်လွင်လေးတွေ ထည်လဲ ဝတ်ဆင်နိုင်ပါစေ ..အမှား အမှန် အကောင်း အဆိုးကို ခွဲခြားသိတဲ့…ခွဲခြားနိုင်တဲ့ ညဏ်ပညာနဲ့သန့်စင် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမှာ သမီးလေး ဟာ အမြဲတမ်း လိပ်ပြာလှလှလေး ပျံသန်းနေနိုင်ပါစေ ..😍” ဆိုပြီး သမီးလေး ရဲ့ (၆)နှစ်ပြည့်မွေးနေ့မှာ ပြောထားပါတယ်။

သမီးလေးအပေါ်ထားတဲ့ ဖခင်တစ်ယောက် ရဲ့ မေတ္တာနဲ့ ပြီးပြည့်စုံတဲ့ မွေးနေ့ဆုတောင်း၊ သမီးလေးကို မွေးနေ့မှာ ပျော်ရွှင် ရအောင် မိသားစု ၃ယောက် တွေ့ဆုံပေးပြီး မွေးနေ့အမှတ်တရ ဖန်တီးပေးထားတာလေးက ပီတီဖြစ်စရာပါပဲ။

သရုပ်ဆောင် ဘုဏ်းသိုက်ရဲ့ သမီးလေး အတွက် မွေးနေ့ဆုတောင်းပေးထားတဲ့ အကြောင်းအရာကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။

Moekalay
Source;hpone thike