မုံရွာမြို့ပေါ် တွင် လုယက်မှု ကျူးလွန်ခဲ့သည် ဆိုသော လူငယ်တစ်စုအား ဇန်နဝါရီ ၂၃ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့သည်။

လု ယက်မှုကျူးလွန်သည့် လူငယ်များမှာ အသက် ၁၈ နှစ်မပြည့်သေးသူ ၉ ဦး၊ အသက် ၂၀ အရွယ် တစ်ဦးသာ ပါဝင်ခဲ့ကြောင်း ရဲစစ်ချက်အရ သိရသည်။သိရသည်။

” သူတို့နောက်လိုက်နေတာ ကြာပြီ။ မနေ့ညကတော့ လုတဲ့အထဲက ၂ယောက်တည်းခိုခန်းမှာ တည်းနေတယ်ကြားလို့ ကျွန်တော်တို့အဖွဲ့ဝိုင်းဖမ်းကြတာ။ ဓားနဲ့ပြန်ထိုးလို့ ကျွန်တော့တပည့်လက်တောင် ထိသွားသေးတယ်” ဟု မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအရာရှိ ရဲအုပ်ညိုသက်ဝင်းက ပြောသည်။

အဆိုပါတည်းခိုခန်းမှ လူငယ်တစ်ဦးအား ကနဦးဖမ်းဆီးရမိခဲ့ပြီး ၎င်းအား ဆက်လက်စစ်ဆေးခဲ့ရာမှ ပြစ်မှုကျူးလွန်သည့် လူငယ်တစ်စုအား ညတွင်းချင်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့အဖွဲ့မှ ပြီးခဲ့သည့် နှစ်လခန့်မှစ၍ အုပ်စုဖွဲ့ ဖြင့် မြို့ပေါ်နေရာ အနှံ့ တွင် ဖုန်း ၁၀ လုံး၊ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊ FZ ဆိုင်ကယ် ၁ စီး၊ စကူပီ ၁ စီး၊ ဆိုင်ကလုံး ၁ စီးနှင့် ကလစ်ဆိုင်ကယ် ၁ စီးတို့အား လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက် အရ သိရသည်။

” အခုပြန်ဖမ်းမိတဲ့အထဲက အရင်လုယက်မှုကျူးလွန်ခဲ့ပြီး တရားရုံးက အာမခံပေးထားတဲ့လူငယ် သုံးယောက်ပါ ပါတယ်” ဟု မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်က ပြောသည်။

၎င်းတို့ လုယက်ယူဆောင်သွားသည့် သက်သေခံပစ္စည်းများအား ရဲတပ်ဖွဲ့မှ လိုက်လံသိမ်းဆည်းလျက်ရှိပြီး ဥပဒေအတိုင်းအရေးယူရန် လုပ်ဆောင်နေသည်။သက်သေခံပစ္စည်းများအား ရဲတပ်ဖွဲ့မှ လိုက်လံသိမ်းဆည်းစဉ်/မုံရွာဂေဇက်