အိမ္ ဂရန္ကို အေပါင္ထားတယ္ဆိုတာ ရပ္ကြက္ထဲမွာ ထားတာလား၊ ဒါမွမဟုတ္ရင္ ဘဏ္မွာ အေပါင္ထားတာ လား ။ ရပ္ကြက္ထဲမွာ အေပါင္ထားရင္ အဲ့ဒီလူသည္ အေပါင္ ခံခြင့္ ၊ ပိုင္ခြင့္ ရွိရဲ့လား ဆိုတဲ့အပိုင္းေလးေတြ စဥ္းစားရမွာ ျဖစ္ပါတယ္။

သို႔ေ သာ္ အေပါင္ထားၿပီး ေငြေခ်းတဲ့အခါမွာ အတိုးမပါဘဲနဲ႔ ျပန္ဆပ္ခိုင္းတဲ့ အခါမ်ိဳး က်ရင္လည္း သူ႔ကို တရားမေၾကာင္း အရ တရားစြဲဆိုၿပီး ေျမကို လက္ေရာက္ရလို႔မႈေတြနဲ႔ စြဲသြားရင္ အိမ္ပါသြား နိုင္ပါတယ္။ ဘဏ္ဆိုရင္ေတာ့ ဘဏ္ရဲ့ လုပ္ထုံးလုပ္နည္းအရ အိမ္ကို သိမ္းပိုင္ခြင့္ရွိပါတယ္။ ဘဏ္က ထိန္းသိမ္းထားမွာမဟုတ္ဘဲ ဒီအိမ္ကို ခ်ိတ္ပိတ္ သိမ္းဆည္း ၿပီးေတာ့ ေလလံပစ္ၿပီး ဘဏ္က ေငြျပန္ရေအာင္ ယူမွာပါ။

ပုဂၢလိက အေနနဲ႔ကေတာ့ အေသးစားေငြေရးေၾကးေရး အဖြဲ႕မ်ား ဥပေဒအရေတာ့ သူသည္ ေငြေခ်းပိုင္ခြင့္ရွိရင္လည္း တရားမ ဥပေဒမ်ားအရ ဒီေျမနဲ႔ အိမ္ကို လက္ေရာက္ယူမႈ တရားမေၾကာင္းစြဲ ၿပီးလုပ္ပါလိမ့္မယ္။ ရပ္ကြက္ ထဲမွာ ကိုယ့္ အခ်င္းခ်င္း အေပါင္ထားတဲ့ ကိစၥကေတာ့ နဂိုတည္းက ဥပေဒက ခြင့္မျပဳထားတဲ့ကိစၥကို လုပ္ထား တာျဖစ္တဲ့အတြက္ ေပါင္သူေကာ အေပါင္ခံသူေကာ ႏွစ္ေယာက္စလုံးက ဥပေဒကို က်ဳးလြန္ေနၾကတာ ျဖစ္လို႔ ဒီကိစၥအေပၚမွာ ေဝဖန္ခ်က္ မေပးလိုပါဘူး ။

အိမ္ဂရန္ကို အေပါင္ထားကာေငြေခ်းယူထားၿပီး ျပန္မဆပ္နိုင္ပါက အိမ္ကိုသိမ္းဆည္းနိုင္ပါသလား

နည္းနည္းေလးျဖည့္ေျပာခ်င္တာက ဂရန္ကို ေပါင္ထားတယ္ဆိုရင္ ဂရန္မွာ ပါတဲ့စည္းကမ္းခ်က္ေတြ ကို ဖတ္ၾကည့္ပါ ။ ဂရန္ထုတ္ေပးတဲ့ ေကာလိေတာ္ အရာရွိရဲ့ ခြင့္ျပဳခ်က္ မရရွိ ဘဲ ဘာေတြမလုပ္ရဘူးဆိုတဲ့ တားျမစ္ခ်က္ေတြ ပါ ပါတယ္။ အဲဒီတားျမစ္ခ်က္ကို လုပ္လိုက္တာနဲ႔ ေကာလိေတာ္ အရာရွိက အဲဒီသူ႔ ဂရန္ကို ဖ်တ္သိမ္းၿပီး ေျမေပၚက ႏွင္ပိုင္ခြင့္လည္း ရွိပါတယ္။ ဒါကိုလည္း ဂရန္ရတဲ့ သူေတြအေနနဲ႔ သိထားဖို႔ လိုပါတယ္။

Credit – Original Writer

Unicode

အိမ် ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာ လား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင် ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပိုင်းလေးတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။

သို့ေ သာ် အပေါင်ထားပြီး ငွေချေးတဲ့အခါမှာ အတိုးမပါဘဲနဲ့ ပြန်ဆပ်ခိုင်းတဲ့ အခါမျိုး ကျရင်လည်း သူ့ကို တရားမကြောင်း အရ တရားစွဲဆိုပြီး မြေကို လက်ရောက်ရလို့မှုတွေနဲ့ စွဲသွားရင် အိမ်ပါသွား နိုင်ပါတယ်။ ဘဏ်ဆိုရင်တော့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းအရ အိမ်ကို သိမ်းပိုင်ခွင့်ရှိပါတယ်။ ဘဏ်က ထိန်းသိမ်းထားမှာမဟုတ်ဘဲ ဒီအိမ်ကို ချိတ်ပိတ် သိမ်းဆည်း ပြီးတော့ လေလံပစ်ပြီး ဘဏ်က ငွေပြန်ရအောင် ယူမှာပါ။

ပုဂ္ဂလိက အနေနဲ့ကတော့ အသေးစားငွေရေးကြေးရေး အဖွဲ့များ ဥပဒေအရတော့ သူသည် ငွေချေးပိုင်ခွင့်ရှိရင်လည်း တရားမ ဥပဒေများအရ ဒီမြေနဲ့ အိမ်ကို လက်ရောက်ယူမှု တရားမကြောင်းစွဲ ပြီးလုပ်ပါလိမ့်မယ်။ ရပ်ကွက် ထဲမှာ ကိုယ့် အချင်းချင်း အပေါင်ထားတဲ့ ကိစ္စကတော့ နဂိုတည်းက ဥပဒေက ခွင့်မပြုထားတဲ့ကိစ္စကို လုပ်ထား တာဖြစ်တဲ့အတွက် ပေါင်သူကော အပေါင်ခံသူကော နှစ်ယောက်စလုံးက ဥပဒေကို ကျုးလွန်နေကြတာ ဖြစ်လို့ ဒီကိစ္စအပေါ်မှာ ဝေဖန်ချက် မပေးလိုပါဘူး ။

အိမ်ဂရန်ကို အပေါင်ထားကာငွေချေးယူထားပြီး ပြန်မဆပ်နိုင်ပါက အိမ်ကိုသိမ်းဆည်းနိုင်ပါသလား

နည်းနည်းလေးဖြည့်ပြောချင်တာက ဂရန်ကို ပေါင်ထားတယ်ဆိုရင် ဂရန်မှာ ပါတဲ့စည်းကမ်းချက်တွေ ကို ဖတ်ကြည့်ပါ ။ ဂရန်ထုတ်ပေးတဲ့ ကောလိတော် အရာရှိရဲ့ ခွင့်ပြုချက် မရရှိ ဘဲ ဘာတွေမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပါ ပါတယ်။ အဲဒီတားမြစ်ချက်ကို လုပ်လိုက်တာနဲ့ ကောလိတော် အရာရှိက အဲဒီသူ့ ဂရန်ကို ဖျတ်သိမ်းပြီး မြေပေါ်က နှင်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကိုလည်း ဂရန်ရတဲ့ သူတွေအနေနဲ့ သိထားဖို့ လိုပါတယ်။

Credit – Original Writer