ဧ ရာဝတီ ၊ ဇန္နဝါရီ ၂၃ ၊ ၂၀၂၀။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုကတော့ ယခုနှစ်၊ ၂၀၂၀ ဇန်နဝါရီလအတွင်းမှာ ရင်ဆိုင်နေရတာ အချိန် ၁ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ သဃ်န်းကျွန်း တရားရုံးမှာ ချိန်းဆိုခဲ့တဲ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ တင်သွင်းထားတဲ့

သက်သေ အသံဖိုင်များကိုသာ ဆက်လက် စစ်ဆေးခဲ့ပြီး တရားရုံးမှာ မီးပျက်နေတာကြောင့် အသံဖိုင်တချို့သာ စစ်ဆေးနိုင်ခဲ့ပါတယ်။

ယနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သင်းသင်းနဲ့ စွပ်စွဲခံရသူ ဝေဠုကျော်တို့ နှစ်ဖက်စလုံး ရုံးချိန်း လာရောက်ခဲ့ကြပြီး နောက်တကြိမ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

သတင်းနှင့် ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ