မွန်ပြည် နယ် မုဒုံမြို့ နယ် မှိန်း ကနိမ်းကျေးရွာအုပ်စု ကော့လှကျေးရွာနေ ဦး…….သည် လွန်ခဲ့သော ၅ ရက်ခန့်မှစ၍ ညအိပ်ယာဝင်ချိန်တိုင်း၌ သမီးဖြစ်သူ၏ အမျိုးသမီးအင်္ဂါနာနေကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရသိရပြီး

ဇနီးဖြစ်သူမှာ မီးဖွားထားသဖြင့် သမီးအကြီးဖြစ်သူအား နံနက်မိုးလင်းလျှင် ညီမဖြစ်သူအား ဆေးခန်းသွားရောက်ပြသ ပေးရန်ပြောပြီး ညအိပ်ယာဝင်ခဲ့ကြောင်း နောက်တနေ့တွင် ဆေးခန်းမှ ကလေးဆီးအောင့်သည်ဟု ပြောပြီးသောက်ဆေးပေးခဲ့ကြောင်း

သမီးဖြစ်သူ မ…….(၅)နှစ်မှာ ညအိပ်ယာဝင်တိုင်း ထိုသို့ ပြောပြီး လမ်းလျှောက်ရာတွင်လည်း အနည်းငယ်ပုံပျက် နေသည်ကို ဖခင်ဖြစ်သူမှသတိပြုမိကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ပြီးခဲ့သည် ၂၁ ရက်နေ့တွင် နစ်နာသူကလေးငယ်၏ဖခင် နေအိမ်အနီးရှိ ဘုရားတွင် တစ်ရွာတည်းနေ အဖော်တစ်ဦးနှင့်အတူ သွားရောက်ဆေးသုတ်လုပ်ကိုင်ရာ

သမီးဖြစ်သူ မ……..(၅)နှစ်လည်း နေအိမ် နှင့်နီးသဖြင့် လိုက်လာခဲ့ကြောင်း ၎င်းနေ့က စွတ်စွဲခံရသူ ကိုလှမြင့်မှာ ၎င်းတို့နှင့်အတူ ဘုရားဆေးသုတ် ရာတွင် ပါရှိပြီး

ညနေ ၄ အချိန်ခန့်တွင် အလုပ်အတူ လုပ်ကိုင်သူ ကို…….. မှ လှမြင့်(၅၄)နှစ် သည် သမီးဖြစ်သူအား (၂)ကြိမ်ခေါ်နေသည်ကိုတွေ့ ကြောင်း၊ သမီးဖြစ်သူမှ မလိုက်ဘဲ ငြင်းနေသည်ကို တွေ့ကြောင်းပြောသဖြင့် တရားလိုမှ သမီးဖြစ်သူ ခံစားနေရသည့် ဝေဒနာနှင့် ဆက်စပ်ကြည့်မိ ကာ ရိပ်စားမိလိုက်သဖြင့်

သမီးဖြစ်သူအား ၂၂ ရက်နေ့ညတွင် သမီးဖြစ်သူအား မေးမြန်းရာ သမီးဖြစ်သူ မ…….(၅)နှစ်သည် ၎င်းအား တစ်ရွာတည်းနေ လှမြင့်ဆိုသူမှ ၎င်း၏နေအိမ်သို့ ပွေ့ချီခေါ်သွားကာ ပါးနမ်းပြီး အမျိုးသမီးအင်္ဂါအား လက်ဖြင့် ထိုးသွင်းခဲ့ကြောင်း သိရသဖြင့်

ဖခင်ဖြစ်သူမှ ကျေးရွာအတွင်းရှိ ရာအိမ်မှူးနှင့်အတူ လှမြင့်နေအိမ်သို့သွားရောက်မေးမြန်ရာတွင် လက်ခံတွေ့ဆုံခြင်းမရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြား၍ မုဒုံမြို့မရဲစခန်း၌ တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ အသက်မပြည့်သေးသူ ကလေးငယ်အား လိင်ပိုင်းစော်ကားမှုပြုသူ ကိုလှမြင့်(၅၄)နှစ်အား မုဒုံမြို့မရဲစခန်း (ပ)၄၆ဝ/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇/၃၅၄ ဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အမွှာညီနောင်