


Source : Phone Min Nay La

Unicode

ပရိ သတ်ကြီးရေ မိခင်ဖြစ်သူ အကယ်ဒမီခင်ဇာခြည်ကျော်နဲ့အတူ ပွဲတွေတက်ရင်း ပရိသတ်မျက်မှန်းတန်းမိလာတဲ့ ဘုန်းမင်းနေလ လေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ပါ ။အကယ်ဒမီပေးပွဲ ဗန်းကိုင်အဖြစ် ပါဝင်ပြီးနောက်မှာတော့ ပရိသတ်ချစ်ခင်မှုတွေတိုးလာပြီး ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်ပါတယ် ။ အနုပညာကို ချစ်ပေမယ့် ပညာရေးတဖက်နဲ့ စင်္ကာပူမှာ ကျောင်းတက်နေရတဲ့ ဘုန်းမင်းကတော့ ကျောင်းပြီးမှ ပဲ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်မှာပါတဲ့ ။

မိခင်ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ ဘုန်းမင်းလေးကတော့ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်စဉ်မှာပဲ ခိုင်မာတဲ့ အမာခံဖန်တွေရပြီး အောင်မြင်လာခဲ့တာပါ ။ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံခြင်းခံနေရတဲ့ ဘုန်းမင်းရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေကအထူးစိတ်ဝင်စားနေခဲ့ကြတာပါ ။ လတ်တလောမှာ ဘုန်းမင်းက မမ နဲ့ ဆိုတဲ့ စာသားလေးနဲ့အတူ မိန်းကလေး တစ်ယောက်နဲ့ ပုံရိပ်ကို သူ့ရဲ့မိုင်ဒေးမှာတင်ခဲ့တဲ့အတွက် မိန်းကလေး ပရိသတ်တွေ အသည်းကွဲမလိုဖြစ်ခဲ့ပေမယ့် နောက်ဆက်တွဲပုံမှာလေးမှာ နာရီကြော်ငြာလေးတစ်ခု ရိုက်ကူးနေတာဖြစ်တယ်လို့ပြန်လည်ရေးသားထားတဲ့အတွက် ပျိုမေတွေလည်း စိတ်အေးလောက်ပြီထင်ပါတယ်နော် ။

ဘုန်းမင်းကတော့ စင်္ကာပူမှာ ကျောင်းတက်နေပြီး ကျောင်းနားရက်တွေမှာ မြန်မာပြည်ပြန်လာပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်လေ့ရှိပြီး အခုလည်း Alexander Christie နာရီ ကြော်ငြာလေးကို ရိုက်ကူးနေတာဖြစ်ပြီး ကြော်ငြာလေးထွက်လာရင်လည်း ဘုန်းမင်းက ပရိသတ်တွေက အားပေးကြပါဦးနော် ။

Source : Phone Min Nay La
Credit Cele Connections