လက် ထပ်ခွင့်တောင်းတယ်ဆိုတာ များသောအားဖြင့် ကောင်လေးကသာ ကောင်မလေးကို လက်ထပ်ခွင့်တောင်းတာပါ။ ဒါပေမယ့် လက်ထပ်ခွင့်တောင်းခံရတဲ့အမျိုးသားအရေအတွက်ဟာ လက်ထပ်ခွင့်အတောင်းခံရတဲ့ အမျိုးသမီးအရေအတွက် ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲရှိပါတယ်။ ဒီလို ကြုံတောင်ကြုံခဲ မိန်းကလေးက ယောက်ျားလေးကို လက်ထပ်ခွင့်တောင်းတဲ့အဖြစ်အပျက်ကို ကြုံခဲ့ရတာတော့ ဖိလစ်နိုင်ငံက အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နေထိုင်တဲ့ Ulvic Berdecen လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့မိသားစုနဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတုန်း သူချစ်သူကောင်မလေး Cheska Galvez ကရောက်ကလာပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ The Summit Express သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Ulvic ကိုတော့ ဖိလစ်နိုင်ငံသားတော်တော်များများက အရမ်းကောင်းတဲ့လူသားတစ်ယောက်ဆိုပြီး ဝိုင်းဝန်းချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

Ulivc နဲ့ Cheska တို့ဟာတွဲတာ ၁နှစ်လောက်ပဲရှိသေးပေမယ့် Cheska ဟာ သူလိုချင်တဲ့ အချစ်စစ်ကို Ulivc မှာ တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။ ဒါကြောင့်အခုလို သူမဘက်ကစပြီးလက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ထပ်ခွင့်မတောင်းခံချိန်မှာ စားပွဲထိုးကောင်မလေးနှစ်ယောက်ဟာ Ulivc ကို ပန်းတစ်ပွင့်ဆီလာပေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Ulive ဟာ ကြောင်တောင်တောင်ဖြစ်နေတုန်း Cheska ရောက်လာပြီး ဒူးထောက်ချကာ Ulivc ရဲ့ မိသားစုတွေရှေ့မှာ လက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။

Ulivc ရဲ့ ညီဖြစ်သူ Stephen Berdecen ကတော့ သူ့အကိုအတွက်ဂုဏ်ယူကြောင်း၊ ယောက်ျားလေးတွေပဲ လက်ထပ်ခွင့်တောင်းရမယ်လို့ ဘယ်သူကပြောလဲ ဆိုပြီး Facebook မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဗီဒီယို တင်ကာ Ulivc တို့ ရိုနေပုံလေးတွေကို ကြွားလုံးထုတ်ခဲ့တာပါ။

Pyi Hein Kyaw